မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ သိမ်းဆည်းခံထားရတဲ့ ရွာတွေအပါအဝင် လွန်ခဲ့တဲ့ ၂၈ နှစ်ခန့်က သိမ်းယူခဲ့တဲ့ လယ်မြေတွေကို ပြန်ရရေး ရွာပေါင်း ၁၄ ရွာခန့်က ရာနဲ့ချီတဲ့လယ်သမားတွေဟာ ထွန်တုံးတိုက်ပွဲဆင်နွဲှခဲ့ကြပါတယ်။ မတ်လ ၂ ရက် နေ့မှာတော့ အာဏာပိုင်တွေက တူးမြောင်းကိုပိတ်ပစ်လိုက်တာကြောင့် တခြား သိမ်းယူခြင်းမခံရသေးတဲ့တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးတော့မယ့် အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ရေနံ့သာရွာအနီးက လယ်မြေတွေကို လွန်ခဲ့တဲ့ ၂၈ နှစ်ခန့်က သမဝါယမက သိမ်းယူခဲ့ပြီး အငှားချထားခဲ့ကြောင်း သိမ်းဆည်းခံလယ်သမားတွေက သူတို့လယ်မြေတွေ ပြန်ရရေးအတွက် အာဏာပိုင်အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့ပေမယ့် ဘာမှ ထူးခြားမလာတဲ့အတွက် မတ်လ ၁ ရက်နေ့ကစပြီး ထွန်တုံးတိုက်ပွဲဆင်နွဲပြီး သူတို့ လယ်တွေကို ပြန်လည်သိမ်းယူခဲ့တာပါ။ လယ်သမားကြီးတဦး ပြောပြတာက-
“နွားယှဉ်း ၁၃ ယှဉ်းနဲ့ လူအင်အားက ၅၀၀ လောက်တော့ ရှိမှာပေါ့ဗျာ၊ ထွန်တုံးတိုက်ပွဲလုပ်တာ။ ဒီနေ့လုပ်တဲ့အခါကျတော့ သူတို့က ရေမြောင်းကို အကုန်ပိတ်ပစ်လိုက်တဲ့အခါကျတော့ ကျနော်တို့ တဧကကွက် တစ်ကွက်လောက်ပဲ လုပ်နိုင်တယ်။ ကျနော်တို့ ၁၉၈၆ ခုနှစ်က သိမ်းခံထားရတာပါ။ ကျနော်တို့ မြေနေရာအစားလည်း မပေးဘူး၊ လျော်ကြေးလည်းမရပါဘူး။ ဧကကတော့ ၆၀၀ ကျော်ကျော်ပေါ့။ ရွာပေါင်း ၇ ရွာလောက်တော့ ရှိပါတယ်ခင်ဗျ။ အာဏာပိုင်တွေပဲ ဆက်လုပ်နေတာပဲခင်ဗျ။”
သိမ်းယူတဲ့အချိန်ကစပြီး ကြုံရာကိုလုပ်ကိုင်စားသောက်နေရကြောင်းတွေကိုလည်း တောင်သူလယ်သမားတွေကဆိုပါတယ်။ တူးမြောင်းကို ပိတ်ပစ်လိုက်တဲ့အတွက် သိမ်ဆည်းခံ လယ်သမားတွေရဲ့ မြဧကတွေသာမက တခြားအနီးတဝိုက်က လယ်မြေတွေပါ နစ်နာနေကြရတယ်လို့ လယ်သမားတွေကဆိုပါတယ်။
“သူတို့ ရေမရနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်တို့ကို ပိတ်ဆို့လိုက်တဲ့အတွက်၊ အဲဒီတော့ ရွာကလည်း မြင်သာရွာပေ့ါနော- ၃-၄ ရွာ ရေမျှရင်တော့ ဒုက္ခရောက်မှာပေါ့ဗျာ-စိုက်ပျိုးဖို့၊ သူတို့ရေမပေးလည်း ကျနော်တို့မြေကတော့ သိမ်းထားရမှာပေါ့ဗျာ။”
မတ္တရာမြို့နယ် အာဏာပိုင်တွေကတော့ ထွန်တုံးတိုက်ပွဲလုပ်နေတဲ့ လယ်သမားတွေကို မှတ်တမ်းများ လာရောက်ရိုက်ယူယူခဲ့ကြောင်း၊ ဒီနေ့မှာတော့ ဦးဆောင်သူလို့ သတ်မှတ်ခံထားရတဲ့ လယ်သမား ၃ ဦးဖြစ်တဲ့ ကိုနေဝင်း၊ ကိုဇော်ဝင်း၊ ကိုရဲရင့်အောင်တို့ကို ရဲမှူးကခေါ်ထားပေမယ့် လယ်သမားတွေဘက်ကတော့ သွားရောက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ရဲစခန်းကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြည်သူ့လွှတ်တော်မှာတော့ ပြီးခဲ့တဲ့နှစ်တွေက ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မဲဆန္ဒနယ်က ဦးတင်ထွတ်က “လယ်ယာမြေများ သိမ်းဆည်းခံ ရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေးအတွက် တရားမျှတစွာ ဖြေရှင်းပေးရန်” အဆိုကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး တချို့မြေတွေကိုပြန်လည်ပေးဖို့အတွက် လွှတ်တော်မှာ တင်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် မြေယာမြေစုံစမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းကတော့ မြေယာအမူအခင်းတွေနဲ့ပတ်သက်လို့ တိုင်စာပေါင်း ၆,၀၀၀ ကျော်ထဲက ၄၀၀ ကျော်ကိုအစိုးရဘက်က ဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖြေ။ ။ ဧက-ကတော့ အတိအကျပြောလို့ မရဘူး။ တိုင်စာပေါင်းကတော့ ၆,၄၃၅ စောင်၊ အစိုးရကို ကျနော်တို့က လွဲှပြီးထားပြီ။ အစိုးရက ပထမတကြိမ်မှာ ပထမနှစ်လအတွင်းမှာက ၅ မှုပဲ ရှင်းနိုင်တယ်။ ဒုတိယနှစ်လအတွင်းမှာကတော့ ၄၁၈ မှုရှင်းနိုင်တယ်။ စုစုပေါင်း ၄၂၃ မှုကတော့ ၄ လအတွင်းမှာ ရှင်းပြီးသွားပြီ။ ကျနော်တို့က နည်းနည်းလေး နှေးတဲ့အခါကျတော့ လွှတ်တော်မှာလည်း အဆိုတစ်ခု ဆွေးနွေးပြီးတော့ ကျနော်ပဲ ထောက်ခံလိုက်တယ်ပေါ့ဗျာ။ အားလုံးသဘောတူလိုက်ကြတယ်။ အဲဒီဥစ္စာကတော့ ပို့ထားတဲ့တိုင်စာပေါင်း ၆,၄၃၅ စောင်အပေါ်မှာ အစိုးရက ၄၂၃ စောင်ပဲ ဖြေရှင်းတဲ့အတွက်ကြောင့် ရာခိုင်နှုန်းအားဖြင့်တော့ အင်မတန်နည်းတယ်ပေါ့လေ။
"အင်မတန်နည်းတယ်ဆိုတဲ့အခါကျတော့ အဲဒီအမှုတွေ ပြီးပြတ်အောင် ဇူလိုင်လတဖြတ်၊ စက်တင်ဘာလတဖြတ်ပေါ့နော်- အဲဒီမှာတော့ တိုင်စာတွေနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးပါဆိုပြီးတော့ ကျနော်တို့ ဒီဘက်ကတော့ တိုက်တွန်းတဲ့အဆိုတရပ်တော့ တင်သွင်းလိုက်တယ်။
မေး။ ။ အန်ကယ်လ်တို့တင်ပြီးသလောက်မှာဆိုရင်တော့ အခု အမှုပေါင်း ၄၀၀ ကျော် ရှင်းပြီးသွားပြီဆိုတော့ ပြန်ပေးလိုက်တာလား။
ဖြေ။ ။ ၄၀၀ ကျော် ရှင်းပြီးလိုက်တဲ့အထဲမှာလည်း တချို့ဟာတွေကတော့ ရှင်းလို့ရတာ ပြန်ပေးတာရှိတယ်။ တချို့ဟာတွေကတော့ ပြန်မပေးဘူးပေါ့။ ပြန်မပေးဘဲနဲ့ သူတို့ကိစ္စလေးတွေရှိတယ်။ တချို့ဟာတွေကျတော့ ရှင်းပေးလိုက်တယ်။ တချို့ဟာတွေကတော့ တပ်ပိုင်မြေတွေ ဖြစ်တဲ့အတွက်ကြောင့် ပြန်မပေးပါဘူးဆိုပြီးတော့ တပ်ကလည်း အဲဒီလိုလာတယ်။ အဲဒီတော့ အကုန်လုံးတော့ ၄၂၃ ခုလုံးကတော့ တောင်သူတွေကို အကုန်ပြန်ပေးလိုက်တယ်မဟုတ်ဘူး၊ ပြန်ပေးတဲ့အပိုင်းရှိတယ်။ ပြန်မပေးတဲ့အပိုင်းရှိတယ်။
တပ်မတော်ကတော့ မကြာသေးခင်တုန်းက တပ်ပိုင်မြေအဖြစ် သိမ်းထားတဲ့လယ်မြေတွေထဲက လယ်မြေဧက ပေါင်းတသိန်းကျော် ပြန်လည် စွန့်လွှတ်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။