သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း Matthew မုန်တိုင်း Bahama ကို ဦးတည်


ဟေတီနဲ့ ကျူးဘားနိုင်ငံတွေမှာ အသက်ဆုံးရှုံးမှုတွေနဲ့ တခြား ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့တဲ့ ဟာရီကိန်း Matthew ဟာ ဆယ်စုနှစ်တခုအတွင်း Caribbean ဒေသကို ဝင်ရောက် တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲ အားအပြင်းဆုံးတခုဖြစ်ပြီး ဗုဒ္ဓဟူးနေ့က Bahama နိုင်ငံ တည်ရှိရာ ကျွန်းစုတွေဘက်ကို ဦးတည် ရွေ့လျားနေပါတယ်။

ဟေတီနဲ့ Dominican နိုင်ငံတွေမှာ တည်ရှိရာ ကျွန်းတွေကို ဝင်ရောက် တိုက်ခတ်ခဲ့တာမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဟေတီသမ္မတရွေးကောက်ပွဲမှာ မဲရုံအဖြစ် အသုံးပြုဖို့ စီစဉ်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ မုန်တိုင်းဒဏ်သင့်သူတွေ ခိုလှုံဖို့ စီစဉ်ပေးထားရတာကြောင့် ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်းလိုက်ပါတယ်။

ဟာရီကိန်းမုန်တိုင်း Matthew ဟာ အင်္ဂါနေ့က ဟေတီနိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့အချိန် တနာရီ ကီလိုမီတာ ၂၄၀ နှုန်းရှိတဲ့ အဆင့် ၄ မှာရှိပြီး လေပြင်းနဲ့အတူ မိုးတွေလည်း သည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီမုန်တိုင်းဟာ ၅၂ နှစ်အတွင်း ဟေတီနိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ အားအပြင်းဆုံး မုန်တိုင်း ဖြစ်ပါတယ်။

ဟေတီနိုင်ငံအတွင်း အကူအညီ အလိုအပ်ဆုံးသူတွေ အချိန်မှီ အကူအညီတွေ ရရှိနိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ကက်သလစ် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့နဲ့အတူ ကြိုးစားလုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက Dave Herman က ပြောပါတယ်။

ဟေတီနိုင်ငံက မုန်တိုင်းသင့် ပြည်သူတွေကို ကူညီကြဖို့အတွက် USAID လက်အောက်ခံ နိုင်ငံတကာ ဘေးဒုက္ခရောက်သူများ သတင်းဌာနကို ကူညီလှူဒါန်းကြဖို့ သမ္မတ Barack Obama က ဝါရှင်တန်ဒီစီမြို့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG