သုံးရလွယ်ကူစေသည့် Link များ

Matthew ဟာရီကိန်းမုန်တိုင်း ဖလော်ရီဒါကို ဦးတည်နေ


Matthew ဟာရီကိန်းမုန်တိုင်း ဖလော်ရီဒါကို ဦးတည်နေ

Atlantic သမုဒ္ဒရာထဲက Bahamas ကျွန်းစုမြောက်ပိုင်းကို ဒီနေ့ ဖြတ်သန်းတိုက်ခတ်လာတဲ့ Matthew Hurricane မုန်တိုင်းဟာ အားကောင်းလာပြီး အမေရိကန်ပြည်ထောင်စုအရှေ့တောင်ပိုင်း Florida ပြည်နယ်ကို ဦးတည်လာနေပြီလို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

Matthew မုန်တိုင်းဟာ ဒီနေ့မနက်ပိုင်းမှာ တနာရီ ၁၂၇ မိုင်နှုန်းအထိအရှိန်ပြင်းလာပြီး Andros ကျွန်းနဲ့ Nassau ဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်း သုတေသနဌာနက ပြောပါတယ်။ ဒီမုန်တိုင်းဟာ အန္တရာယ်ပေးလောက်အောင် အင်အားပြင်းလာပြီး မိုးရေချိန် ၈ လက်မနီးပါးအထိရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

သောကြာနေ့ကျရင် Matthew မုန်တိုင်းဟာပြင်းအား အဆင့် ၃ ကနေ ၄ အထိတိုးလာနိုင်ပြီး အမေရိကန် အရှေ့ဘက်ကမ်းခြေရှိ Florida ပြည်နယ်ကိုတိုက်ရိုက်တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် Florida ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ဒီလိုသေရေးရှင်ရေးတမျှ အန္တရာယ်များတဲ့အခြေအနေမျိုးမှာ ဘေးလွတ်ရာကိုအခုချက်ချင်းတိမ်းရှောင်ကြဖို့ ဆုံးဖြတ်ချက်ချကြပါရန် မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။

Florida ပြည်နယ်ကမ်းခြေတကြောမှာနေကြတဲ့ လူဦးရေ ၂ သန်းနီးပါးကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဒါမှမဟုတ် မရွှေ့မနေရညွှန်ကြားချက်နဲ့ဖြစ်ဖြစ် ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်။

XS
SM
MD
LG