သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး စစ်ရေးနိုင်ငံရေးညှိုနှိုင်း ကိုင်တွယ်ဖို့လို


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်

မနေ့ စနေနေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး တပ်မတော် အရာရှိ (၁)ဦးနဲ့ အကြမ်းဖက်သမား (၆)ဦး သေဆုံးခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးပြဿနာကို စစ်ရေး၊ နိုင်ငံရေး အမြင်နှစ်ခုပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေကြောင်း မြန်မာ့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်အစောပိုင်း မောင်တောမြို့နယ် မယင်းတောင်ကျေး ရွာအနီးမှာ လက်နက်ငယ်၊ ဓါး၊ လှံ၊ မှိန်းတွေ ကိုယ်စီကိုင်ထားတဲ့ အကြမ်းဖက်သ မား (၆၀)ဦးခန့်လောက်ဟာ နယ်မြေရှင်းလင်းရေးဆင်းနေတဲ့ လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ကြောင်း မြန်မာအစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

အကြမ်းဖက်သမား (၆)ဦးရဲ့ အလောင်းတွေရရှိခဲ့ပြီး နယ်ခြားစောင့်ရဲ စခန်းတွေကို အကြမ်းဖက်သမားတွေ ဝင်တိုက်ပြီး သိမ်းယူသွားခဲ့တဲ့ လက်နက်တချို့ ကို ပြန် လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ယာယီတပ်ရင်း မှူး တဦးကျဆုံးခဲ့ပါတယ်။ အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ ဝန် ထမ်းတွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို မနက် (၁၀)နာရီ ပတ်ဝန်းကျင်လောက်မှာ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်း ၁ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက် မှာ ဖေါ်ပြထား ပါတယ်။

ဒါအပြင် လုံခြုံရေးတပ်တွေဘက်က ဖမ်းဆီးမှုတွေကို လုပ်ခဲ့ပြီး အကြမ်းဖက် သမားတွေလို့ ယူဆရတဲ့ ရွာသား (၃၆)ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ကို ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်နေ ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုလို လက်လုပ်ဗုံးတွေ၊ တုတ်၊ ဓါး၊ လှံတွေ သုံးပြီး ခြုံခို အကြမ်းဖက် တိုက်ခိုက် မှုတွေကို စစ်အင်အားတောင့် တင်းတဲ့ မြန်မာတပ်မတော်အနေနဲ့ ထိ ထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသလဲဆိုတာ အများ က မေးခွန်းထုတ် နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့စစ်ရေးအကဲခတ်လည်းဖြစ်၊ ၁၉၉၂ခု နှစ် မောင်တော အရေးနှိမ်နင်းမှုမှာ ကိုယ်တိုင်အ တွေ့အကြုံရှိခဲ့သူလည်းဖြစ်တဲ့ စစ်ထောက် လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က အခုလို သုံးသပ် ပါတယ်။

“ကျနော်တို့နိုင်ငံမှာ နိုင်ငံတော်လုံခြုံရေးအတွက် တပ်မတော်ထောက်လှမ်းရေးရော၊ ကျန်တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းအသီးသီးကပါ ဘာသတင်းမှ ရယူပြီးတော့ မှ ထောက်လှမ်းရေး နည်းနာတွေကို အသုံးမချနိုင်တဲ့ အတွက် သတင်း လုံခြုံရေး အပိုင်းမှာ ဘာမှမရတဲ့အနေအထားမျိုးရှိပါတယ်။ သတင်းမရတဲ့အတွက် ကြို တင်ပြင်ဆင်မှုမျိုး မလုပ်နိုင်ဘူး။ နံပါတ် (၂) ဝန်ထမ်းတွေအပါအဝင် ရဲရော ကျန်တဲ့အဖွဲ့အစည်းအားလုံးဟာ နယ်စပ်ဒေသမှာ အင်မတန်မှ ထိန်းသိမ်းရ ခက်ပါတယ်။ အထူးသဖြင့် လာဘ်လာဘ်ယူကိစ္စ အလွန်များပါတယ်။ အဲဒီမှာရှိတဲ့ မူဆလင်အများစုကလည်း ပိုက်ဆံဒေါ်လာပေးပြီး လာဘ်စားအောင် လုပ်တဲ့အနေ အထားမျိုး တွေရှိနေပါတယ်။ နံပါတ် (၃) တာဝန်ရှိတဲ့သူတွေ အပိုင်းတွေအနေ နဲ့လည်း ဘင်္ဂလားဒေရှ်ကတော့ တရုတ်လောက် အရေးမကြီးပါဘူးကွာ၊ ဘာမှ မဖြစ်လောက်ပါဘူးကွာဆိုတဲ့ ပေါ့ပေါ့လျော့လျော့တွေးတာ၊ ခေါ်တာတွေရှိပါတယ်။”

အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တုန်းက အခုလို အကြမ်း ဖက်တိုက်ခိုက်မှုတွေကို တပ်မတော်ကနေ ရက်ရက်စက်စက်နှိမ်နင်းခဲ့ တဲ့ ဖြစ် ရပ်တွေရှိခဲ့ကြောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။ ဒါပေမယ့် အခု ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးအမြင်ပူးပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။

“အခုလက်ရှိနိုင်ငံရေးသမားတွေ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်သင့်တယ်။ အခုချိန်မှာ လူ့အခွင့်အရေး တခုတည်းလည်း ကြည့်လို့မရဘူး။ စစ်တပ်ဘက်က လည်း ပြင်းပြင်းထန်ထန်လုပ်လို့မရဘူး။ ဒီနှစ်ခုကြားမှာ check and balance လုပ်နိုင်ဖို့အတွက် နိုင်ငံရေးသမားတွေက ပါးပါးနပ်နပ်လုပ်ဖို့ လိုလိမ့်မယ် ထင်တယ်။”

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအပါအဝင်၊ မွတ်စလင်နိုင်ငံက အစိုးရတွေနဲ့ အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုက်ရိုက် အပြန်အလှန်ဆက်သွယ်ဆွေးနွေးမှုတွေရှိနေကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG