သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ အနောက်ခြမ်း မောင်တောမြို့နယ်တွင်း လုံခြုံရေးတပ်ဖွဲ့ စခန်းသုံးခုကို အောက်တိုဘာလ ၉ ရက်နေ့တုန်းက အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း၊ ဒေသတွင်းမှာ အရေးပေါ်အခြေအနေသတ်မှတ်ပြီး အကြမ်းဖက်တိုက်ခိုက်သူတွေကို စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို စစ်ဆင်ရေးတွေအတွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရွာမီးရှို့မှုတွေ ဖြစ်နေတယ်လို့ စွတ်စွဲချက်တွေလည်း နိုင်ငံတကာမှာ ထွက်ပေါ်နေပါတယ်။

ဒါကြောင့် မောင်တော အရေးနဲ့ပတ်သက်လို့ NLD အစိုးရရဲ့ ကိုင်တွယ်မှုတွေဟာ ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိသလဲ။ တကယ်ပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပါသလား။ ANP ရခိုင်အမျိုးသားပါတီက ဦးထွန်းအောင်ကျော်၊ Arakan Institute for Peace and Development အဖွဲ့ရဲ့ ဥက္ကဌ အရင် ဘူးသီးတောင်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ ဦးရွှေမောင်း၊ သတင်းစာဆရာ စည်သူအောင်မြင့်တို့က အဓိက ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG