သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော ကျေးရွာတခုမှာ သတ်ဖြတ်ခံရတဲ့ရုပ်အလောင်းများတွေ့ရှိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ကြေညာချက် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ကြေညာချက် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုဿန်မှာ မည်သူမည်ဝါမသိရတဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတာကို ရှာဖွေ တွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အမည်မဖော်လိုသူ တဦးရဲ့ သတင်းပေးချက် အရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက် စုံစမ်းတာမှာ တွေ့ရတာ ဖြစ်တယ်လို့ သတင်းထုတ်ထားပေမယ့် သေဆုံးသူတွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာနဲ့ အရေအတွက်ကိုတော့ ထုတ်ပြန်မထားပါဘူး။ အင်ဒင်ကျေးရွာကတော့ မူဆလင်တွေရော ရခိုင်တိုင်းရင်းသားတွေပါ ရောနှော နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခု ဖြစ်ရပ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က ပါဝင် ပတ်သက်မှု ရှိရင်လည်း တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ဖြစ်ရပ်နဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာ မသိရသေးပေမယ့် မကြာခင် ရက်ပိုင်း အတွင်းကဘဲ မောင်တော မြို့နယ် အင်းဒင်ကျေးရွာကနေ ပညာရေး ဝန်ထမ်း ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ကိုလည်း အာဏာပိုင်တို့ ဖမ်းဆီး စစ်ဆေးနေပြီး အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG