ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင်း မလက်တိုကျေးရွာအုပ်စုတွင်း ပလောင်းကျေးရွာအပိုင်မှာ လယ်မြေအဓမ္မသိမ်း ကိစ္စတွေကြောင့် ဒေသခံ လယ်သမားတွေနဲ့ လုံခြုံရေးတွေ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဗွီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီ ဗွီဒီယိုတွေအရ ရိုက်နှက်ခံရသူတွေထဲမှာ အမျိုးသမီးတွေ ပါဝင်တာကို တွေ့ရတဲ့အတွက် တုံ့ပြန်မှုတွေဟာလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။