သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်ကုန်း ဗုံးကွဲမှု တောင်ကိုရီးယား ဗိမ္မာန် ဖွင့်လှစ်


ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ အောက်မေ့ဖွယ် ဂူဗိမ္မာန်။ (ဇွန် ၆၊ ၂၀၁၄)
ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ အောက်မေ့ဖွယ် ဂူဗိမ္မာန်။ (ဇွန် ၆၊ ၂၀၁၄)
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပါင်း ၃၀ ကျော်က မြောက်ကိုရီးယား သူလျှိုတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် အမှတ်တရ ဂုဏ်ပြုတဲ့ ဗိမ္မာန်တခု ရန်ကုန်မြို့မှာ ဒီကနေ့ပဲ ဖွင့်လှစ်လိုက်ပါတယ်။ ရန်ကုန်မြို့ အာဇာနည်ကုန်းက အခန်းအနားကိုတော့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြတာပါ။

၁၉၈၃ ခုနှစ် အောက်တိုဘာလမှာ အဲဒီအချိန်တုန်းက တောင်ကိုရီးယား သမ္မတဖြစ်သူ Chun Doo Hwan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မြို့က အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက ဗုံးခွဲတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း သမ္မတ ထိခိုက်မှုမရှိခဲ့ပေမဲ့ တောင်ကိုရီးယား အဆင့်မြင့် အရာရှိတွေ အပါအဝင် လူ ၁၇ ဦး သေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ဒီကနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ အောက်မေ့ဖွယ် ဂူဗိမ္မာန်ရှေ့က ၅ ပေအမြင့်ရှိတဲ့ ကျောက်ပြားပေါ်မှာတော့ သေဆုံးသွားသူတွေရဲ့ အမည်တွေကို ကဗ္ဗည်းတင် ရေးထိုးထားပါတယ်။ မြောက်ကိုရီးယား သူလျှိုတွေရဲ့ တိုက်ခိုက်မှု အပြီးမှာတော့ မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အဆံတွေကိုလည်း ဖြတ်တောက်ခဲ့တာပါ။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစလို့ တရားဝင် သံတမန် အဆက်အဆံတွေ ပြန်လည် စတင်ခဲ့ပါတယ်။ တရားမဝင် စစ်ဖက်ဆိုင်ရာ အဆက်အဆံတွေ ရှိနေတယ်လို့လည်း အနောက်နိုင်ငံတွေက သံသယရှိနေကြပေမဲ့ မြန်မာအစိုးရကတော့ အရပ်သားအစိုးရ တက်လာစဉ်ကစလို့ စစ်ရေးအရ အဆက်အဆံ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
XS
SM
MD
LG