သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း မေဒေးနေ့ ကျင်းပ


တူရကီနိုင်ငံမှာ မေဒေးနေ့ ဆန္ဒပြမှုဖြစ်ပွား
တူရကီနိုင်ငံမှာ မေဒေးနေ့ ဆန္ဒပြမှုဖြစ်ပွား
မေဒေး လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုပြီး ကမ္ဘာတဝှမ်းက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြင့်ရရှိရေးနဲ့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်လာဖို့အတွက် ချီတတ် ဆန္ဒပြခဲ့ကြပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူမှာတော့ ဆန္ဒပြသူတွေဟာ မေဒေးနေ့ လူထုစည်းဝေးပွဲ လုပ်နေကြ Taksim ရင်ပြင်ကို ချီတတ်ဖို့ ကြိုးစားကြရာမှာ သူတို့ကို တားဆီးတဲ့ ရဲတွေနဲ့ အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်က ခဲတွေနဲ့ ပစ်ပေါက်သလို၊ လုံခြုံရေးတပ်ဖွဲ့တွေဘက်ကလည်း မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲပါတယ်။

ဂရိနိုင်ငံမှာလုပ်တဲ့ မေဒေးနေ့ အလုပ်သမား ဆန္ဒပြပွဲကြောင့် ဂရိကျွန်းစုတွေအကြား သွားလာတဲ့ မော်တော်သင်္ဘောတွေ ရပ်နားသွားပါတယ်။ ဒါ့အပြင် အေသင်မှာ အများပြည်သူသုံး ယာဉ်ရထားတွေလည်း ရပ်တန့်သွားပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ခြုံးခြံချွေတာရေး မူဝါဒတွေကို ကန့်ကွက် ဆန္ဒပြကြတာပါ။

အလုပ်လက်မဲ့နှုန်း ၂၇ ရာခိုင်နှုန်းအထိ မြင့်မားလာနေတဲ့ စပိန်နိုင်ငံမှာတော့ စီးပွားရေး မူဝါဒပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ပြင်သစ်မှာတော့ လက်ယာစွန်း အတိုက်အခံပါတီ အမျိုးသားတပ်ဦးက သူတို့ရဲ့ အစဉ်အလာမပျက် မေဒေးနေ့ ချီတတ်ပွဲလုပ်ပါတယ်။ ဖိလစ်ပိုင်မှာလည်း ဆန္ဒပြသူတွေဟာ မြို့တော် မနီလာမှာ ချီတတ်ပြီး အစိုးရရဲ့ လုပ်ငန်းတွေမှာ သူတို့အတွက် အလုပ်အကိုင်တွေ ရဖို့ တောင်းဆိုပါတယ်။

ကမ္ဘောဒီးယားမှာတော့ အထည်ချုပ်စက်ရ ုံလုပ်သားတွေက လုပ်ခလစာ တိုးပေးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာဖို့ ဖနွမ်းပင်မြို့မှာ ဆန္ဒပြပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ မေးဒေးနေ့ အလုပ်သမား အစည်းအဝေးတွေနဲ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG