သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ဆီဈေး သကြားဈေးတက်


အစိုးရ လိုငွေကို လျှော့ချဖို့ လောင်စာနဲ့ သကြား ဖြန့်ရာမှာ အစိုးရက အကုန်အကျ ခံပေးထားတာတွေ ကို လျှော့ပစ်တော့မယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။

သကြားဈေးကို တစ်ကီလို ၈ ဆင့်၊ ဒီဇယ် နဲ့ အများသုံး ဓာတ်ဆီကို တစ်လီတာ ၁ ဆင့်ခွဲ သောကြာနေ့က စလို့ ဈေးတိုးမြှင့်တော့မှာပါ။ အစိုးရက တစ်ရက်ပဲ ကြိုတင်ပြီး ကျေညာခဲ့တာ ဖြစ်ပါတယ်။

ပိုဈေးကြီးတဲ့ ဓာတ်ဆီ တခြား အမျိုးအစား၊ ဒီဇယ်ဆီ တခြား အမျိုးအစား နဲ့ ဓာတ်ငွေ့ရည်တွေရဲ့ ဈေးနှုန်းကိုလည်း တိုးမြှင့်မှာ ဖြစ်ပါတယ်

ခုလို နည်းနည်း တိုးလိုက်တဲ့အတွက် အစိုးရ အနေနဲ့ ဒေါ်လာ သန်း ၂၃၀ သက်သာသွားမယ်လို့ အစိုးရက ပြောပါတယ်။

အစိုးရက ဒေါ်လာ သန်းပေါင်း ၂,၄၀၀ အကုန်ခံပြီး ဈေးတွေကို လျှော့ရောင်းပေးခဲ့တာ ဖြစ်ပါတယ်။ သကြားနဲ့ လောင်စာဈေးတွေဟာ ဒေသတွင်းမှာ အနည်းဆုံး ဈေးတွေ ဖြစ်ကြပါတယ်။

အစိုးရရဲ့ လိုငွေဟာ ၂၀၀၉ မှာ ၇ % ရှိခဲ့ပြီး ဒီနှစ်မှာ လိုငွေကို ၅.၃ % ကျအောင် လျှော့မယ်လို့ အစိုးရက ပိုင်းဖြတ်ထားပါတယ်။

XS
SM
MD
LG