သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန်အမတ် McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ


Kevin McCarthy is elected next Speaker of the U.S. House of Representatives at the U.S. Capitol in Washington
Kevin McCarthy is elected next Speaker of the U.S. House of Representatives at the U.S. Capitol in Washington

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Kevin McCarthy စနေနေ့ အစောပိုင်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ရီပတ်ဘစ်ကန်ပါတီတွင်းက လက်ယာစွန်းရောက်ပါတီဝင်တွေရဲ့ ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ ၅ ရက်အတွင်း ၁၅ ကြိမ်တိုင် မဲခွဲခဲ့ရပြီးမှ Kevin McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ထောက်ခံမဲရခဲ့တာ ဖြစ်ပါတယ်။ McCarthy ဟာ ကွန်ဆာဗေးတစ် အမြင်သဘောထား ခိုင်မာသူ မဟုတ်ဘူးလို့ဆိုပြီး ကန့်ကွက်ခဲ့သူတွေရဲ့ တောင်းဆိုချက်တွေကို သူ့ဘက်က လျှော့ပေါ့လိုက်လျောမှုတွေလည်း လုပ်ခဲ့ရပါတယ်။

သောကြာနေ့ သန်းခေါင်ကျော် စနေနေ့ကူးပြီးချိန် ၁၅ ကြိမ်မြောက် မဲခွဲတဲ့အခါမှ မဲအများစုရပြီး အောက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ စနေနေ့မနက် ၁ နာရီခွဲကျော်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကျမ်းကျန်ခဲ့ပြီးနောက် နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက အသစ်ရွေးကောက်ခံထားရတဲ့ အောက်လွှတ်တော်အမတ်တွေကို သူက ဦးဆောင်ကျမ်းကျိန်ပေးခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်အမတ် McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့အပေါ် ဂုဏ်ပြုကြောင်း သမ္မတ Joe Biden က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သူ့အနေနဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ အလုပ်အတူ တွဲလုပ်နိုင်တဲ့အချိန် တွဲလုပ်ဖို့ ပြင်ဆင်ထားသလိုပဲ ရီပတ်ဘလစ်ကန်တွေ အနေနဲ့လည်း သူနဲ့အတူ အလုပ်တွဲလုပ်သင့်တယ်ဆိုတာကို မဲဆန္ဒရှင်တွေက ရှင်းရှင်းလင်းလင်း ပြခဲ့ကြပါပြီလို့ သမ္မတ Biden က ကြေညာချက်မှာ ပြောကြားထားပါတယ်။

အောက်လွှတ်တော်မှာ လူနည်းစု ဒီမိုကရက်တွေရဲ့ ခေါင်းဆောင်နေရာကိုတော့ ဒီမိုကရက်အောက်လွှတ်တော်အမတ် Hakeem Jeffries ကို ပါတီဝင်အမတ်တွေက ရွေးချယ်တင်မြှောက်ထားကြပါတယ်။

=== Unicode ============






XS
SM
MD
LG