သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ကို သမ္မတ ဆင့်ခေါ်တွေ့ဆုံ

အမေရိကန် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေကို ရှုံ့ချလှောင်ပြောင်တဲ့ ပြောဆိုမှုတွေ ဆောင်းပါးတစောင်မှာ ပါခဲ့ပြီးနောက် အာဖဂန်နစ္စတန်က အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (Stanley McChrystal) ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ အိမ်ဖြူတော်မှာ ဆင့်ခေါ် တွေ့ဆုံခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates)၊ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ သဘာပတိ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) တို့နဲ့ တွေ့ဆုံအပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ် အိမ်ဖြူတော်ကို ရောက်လာတာပါ။ နာရီဝက်လောက်ကြာ အိမ်ဖြူတော်မှာ သမ္မတနဲ့ တွေ့ဆုံပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ် အိမ်ဖြူတော်က ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ရဲ့ ပိုင်းခြားဆင်ခြင်မှုချို့ယွင်းချက်လို့ မနေ့တုန်းက ဝေဖန်လိုက်ပေမဲ့ သူ့ကို ရာထူးက ဖြုတ်မဖြုတ် မဆုံးဖြတ်ခင် တိုက်ရိုက် စကားပြောချင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ဟာ နှုတ်ထွက်စာတင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ Rolling Stone မဂ္ဂဇင်းမှာ ရေးသား ဖော်ပြခဲ့တဲ့ သူ့ရဲ့ပြောဆိုမှုတွေဟာ မလုပ်သင့်တဲ့ အမှားတခု ဖြစ်ကြောင်း ဝါရှင်တန်မြို့တော်ကို မလာခင်မှာပဲ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က ပြောဆိုခဲ့တာပါ။

ရှောင်ထွက်ပြေးနေရတဲ့ ဗိုလ်ချုပ်လို့ အမည်ပေးထားတဲ့ ဆောင်းပါးထဲမှာ သမ္မတ အိုဘားမားအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေဟာ လူပျက်တွေ၊ ဒဏ်ရာရထားတဲ့ တိရစ္ဆာန်တွေဆိုပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ရဲ့ လက်ထောက်တွေက ခေါ်ဝေါ်နေတဲ့အကြောင်း ရေးသားထားပါတယ်။ သမ္မတ အိုဘားမားနဲ့ ပထမအကြိမ် တွေ့ဆုံခဲ့အပြီး သိပ်စိတ်ပျက်ခဲ့ရတယ်လို့လည်းဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ကပြောခဲ့ကြောင်း ဆောင်းပါးထဲမှာဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG