သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Me N Ma Girls အဖွဲ့ရဲ့ အောင်မြင်မှု ခြေလှမ်းများ


Me N Ma Girls
Me N Ma Girls
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ စတုတ္ထအကြိမ်မြောက် ကျင်းပနေတဲ့ Women In The World ထိပ်သီးညီလာခံမှာ ကမ္ဘာတဝှမ်း ထင်ရှားတဲ့ အမျိုးသမီးရေး လှုပ်ရှားသူတွေ တက်ရောက်ကြတဲ့ ထဲမှာ မြန်မာနိုင်ငံက Me N Ma Grils ဆိုတဲ့ အမျိုးသမီးငယ် ၅ ဦးပါဝင်တဲ့ တေးဂီတအဖွဲ့ဟာလည်း ဒီကနေ့ ၅ ရက်နေ့မှာ သူတို့ နာမည်ရထားတဲ့ တေးသီချင်း နှစ်ပုဒ်ကို ဖျော်ဖြေခွင့်ရမှာ ဖြစ်ပါ တယ်။ Me N Ma ဆိုတဲ့အဖွဲ့ဟာ လက်ရှိ အမေရိကန်ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားအခြေစိုက် Power Music ကုမ္ပဏီနဲ့ တေးသီချင်းသစ်ထုတ်ဖို့ ၁၈ လ ကန်ထရိုက်စာချုပ် ချုပ်ဆိုထားပါတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ အမွန်း ကိုတော့ ဗွီအိုအေ ဝိုင်းတော်သူ မခင်ဖြူထွေး က ဆက်သွယ်မေးမြန်းထား တာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

https://www.facebook.com/MeNMaGirls
XS
SM
MD
LG