သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် ရက်ပိုင်းအတွင်း နှုတ်ထွက်ရဖွယ်ရှိ


မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin
မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin

မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ဟာ တနင်္လာနေ့မှာ နှုတ်ထွက်ဖို့ရှိတယ်လို့ Malaysiakini သတင်းဌာနက ပြောပါတယ်။

ဝန်ကြီးချုပ် Muhyiddin ဟာ လက်ရှိညွှန်ပေါင်းအစိုးရအဖွဲ့ ထဲမှာ အများစုထောက်ခံမှုမရတော့ပဲ ဖြစ်လာနေပြီး တကယ်လို့ သူနှုတ်ထွက်ကြောင်း အတည်ပြုခဲ့ရင်တော့ သူဝန်ကြီးချုပ်တာဝန်ယူတဲ့ ၁၇ လအတွင်းက ဝရုန်းသုန်းကား အခြေနေတွေ အဆုံးသတ်သွားနိုင်တယ်လို့ တွက်ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ် ၁၉ ကူးစက်မှုတိုးလာနေတာနဲ့ နိုင်ငံ့စီးပွါရေးကျဆင်းနေတာကြောင့် မလေးရှားရဲ့ အခြေနေက မရေမရာပိုဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

ညွန့်ပေါင်းအစိုးရ အဖွဲ့ထဲက အကြီးဆုံးပါတီဖြစ်တဲ့ United Malays National Organization – UMNO ပါတီက လွှတ်တော်အမတ်တချို့က သူ့အပေါ်ထောက်ခံမှုကို ပြန်ရုတ်သိမ်းခဲ့တဲ့နောက် အခုလိုသတင်းထွက်လာတာပါ။ တကယ်လို့ သူနှုတ်ထွက်သွားရင် နောက်အစိုးရအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာရှင်းရှင်းလင်း မသိရသေးသလို ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေတဲ့ အတွက် ဒီကာလအတွင်း နောက်ထပ်ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ရှိမရှိလည်း မသိရသေးပါဘူး။

မလေးရှားရဲ့ နောင်ရေးအတွက် ဘုရင် Al-Sultan Abdullah ကပဲ ဆုံးဖြတ်ဖို့ ဖြစ်လာနေတာပါ။ ဝန်ကြီးချုပ် Muhyiddin ဟာ တနင်္လာနေ့မှာ ဘုရင့်ဆီကို နှုတ်ထွက်စာ တင်သွင်းဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးဝန်ကြီး Mohd Redzuan Md Yusof က ပြောကြောင်း Malaysiakini သတင်းမှာ တနင်္ဂနွေနေ့က ဖေါ်ပြထားတာပါ။ ဝန်ကြီးချုပ်ရုံးကိုရော ဝန်ကြီး Mohd Redzuan ကိုပါ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ချက်ချင်း အကြောင်းပြန်တာတော့ မရှိသေးဘူးလို့ ရိုက်တာကပြောပါတယ်။

-------------------






XS
SM
MD
LG