သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေပက်င္း ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ ေနာက္ကြယ္က ႏိုင္ငံေရးမ်က္ႏွာစာ


China's President Xi Jinping (5-L), party leaders, guests International Olympic Committee (IOC) President Thomas Bach attend the opening ceremony of the Beijing 2022 Winter Olympic Games at the National Stadium, known as the Bird's Nest, in Beijing, on February 4, 2022.

ေဆာင္းရာသီအိုလံပစ္အားကစားပြဲေတာ္ ဖြင့္ပြဲႀကီးကို တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ေတာ္ရွိ ငွက္သိုက္ပုံ အားကစား႐ုံႀကီးမွာ ၂၀၂၂၊ ေဖေဖာ္ဝါရီ ၄ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။ ေဆာင္းရာသီအိုလံပစ္အားကစားပြဲေတာ္ဖြင့္ပြဲကိုတ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၿပီး ႐ုရွားသမၼတဗလာဒီမာပူတင္ အပါအဝင္ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ အစိုးရအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္နဲ႔ သူ႔ရဲ႕ မဟာမိတ္ေတြျဖစ္ၾကရတဲ့ ၿဗိတိန္၊ ကေနဒါ၊ ၾသစေတးလ်၊ ဂ်ပန္၊ အပါအဝင္ တ႐ုတ္နဲ႔အိမ္နီးခ်င္းျဖစ္တဲ့ အိႏၵိယႏိုင္ငံေခါင္းေဆာင္ေတြကေတာ့ ေဆာင္းရာသီအိုလံပစ္ အားကစားပြဲေတာ္ဖြင့္ပြဲကို မတက္ေရာက္ၾကဘဲသံတမန္ေရးအရ သပိတ္ေမွာက္ခဲ့ၾကပါတယ္။ သပိတ္ေမွာက္ရျခင္း အေၾကာင္းရင္းကေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာ ဆႏၵျပသူေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ေဒသ၊ ရွင္က်န္းေဒသမွာ ရွိတဲ့ ဝီဂါမူဆလင္ေတြအေပၚမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ ရွိတယ္။ေနာက္တစ္ခုကေတာ့ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္အေပၚထားရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕သေဘာထားေတြေၾကာင့္လို႔ ဆိုပါတယ္။ အေမရိကန္နဲ႔သူ႔ရဲ႕ မဟာမိတ္ေတြဟာ သံတမန္ေရးအရ သပိတ္ေမွာက္တဲ့အေနနဲ႔ ေပက်င္းအိုလံပစ္အားကစားပြဲေတာ္ဖြင့္ပြဲကိုမတက္ေရာက္ၾကေပမဲ့ ႏိုင္ငံကိုယ္စားျပဳအားကစားအဖြဲ႕ေတြကိုေတာ့ အိုလံပစ္အားကစားၿပိဳင္ပြဲကို ေစလႊတ္ခဲ့ၾကပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ အေနာက္ႏိုင္ငံေတြက အိုလံပစ္ပြဲေတာ္ဖြင့္ပြဲကို မတက္ေရာက္ဘဲ သပိတ္ေမွာက္ၾကေပမယ္လို႔ တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ဖြင့္ပြဲကို တ႐ုတ္ႏိုင္ငံရဲ႕ လူမ်ိဳးစု (၅၆)စု ကိုယ္စားျပဳတက္ေရာက္တယ္။ အဲဒီအထဲမွာ ဝီဂါလူမ်ိဳးစုဟာလည္း တစ္စုအပါအဝင္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ငွက္သိုက္ပုံအားကစား႐ုံႀကီးထဲကို အိုလံပစ္မီးရႉးတိုင္ သယ္ယူတဲ့ တ႐ုတ္အားကစားသမား ႏွစ္ေယာက္အနက္ တစ္ေယာက္ဟာဝီဂါ တစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။

အခု ေဆာင္းရာသီအိုလံပစ္အားကစားပြဲေတာ္ က်င္းပရာေနရာျဖစ္တဲ့ ေပက်င္းၿမိဳ႕ေတာ္က ငွက္သိုက္အားကစား႐ုံႀကီးမွာပဲ ေႏြရာသီအိုလံပစ္အားကစားပြဲေတာ္ႀကီးကို ၂၀၀၈ ခုႏွစ္ကလည္း က်င္းပျပဳလုပ္ခဲ့ပါတယ္။ တစ္ေနရာတည္း၊ တစ္ႏိုင္ငံတည္းမွာ ျပဳလုပ္ခဲ့ေပမဲ့ ႀကီးမားတဲ့ ျခားနားမႈေတြ ရွိေနခဲ့ပါတယ္။ ၂၀၀၈ ေႏြရာသီအားကစားပြဲေတာ္ဖြင့္ပြဲတုန္းက အေမရိကန္သမၼတေဂ်ာ့ဒဘလ်ဴဘုရွ္အပါအဝင္ ကမာၻ႔ႏိုင္ငံအႀကီးအကဲေတြ၊ အစိုးရအဖြဲ႕ေခါင္းေဆာင္ေတြ စုစုေပါင္း (၁၀၅)ဦးတက္ေရာက္ခဲ့ၾကတဲ့အျပင္ ႏိုင္ငံတကာ အဖြဲ႕အစည္း (၅)ခုရဲ႕ ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။ အခု ေဆာင္းရာသီအိုလံပစ္ပြဲေတာ္ ဖြင့္ပြဲမွာေတာ့ (၂၂)ႏိုင္ငံကႏိုင္ငံအႀကီးအကဲေတြနဲ႔ အစိုးရအဖြဲ႕ဝင္ေတြသာ တက္ေရာက္ခဲ့တာကို ေတြ႕ရပါတယ္။ႏိုင္ငံတကာဆိုင္ရာအဖြဲ႕အစည္းအေနနဲ႔ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္နဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲတို႔တက္ေရာက္ခဲ့တာ ေတြ႕ရပါတယ္။


အိုလံပစ္ဖြင့္ပြဲတက္ေရာက္ခဲ့တဲ့ ႏိုင္ငံေတြဟာလည္း ဆိုဗီယက္ေခတ္၊ ဆိုဗီယက္ႏိုင္ငံေအာက္က ခြဲထြက္ခဲ့ၾကတဲ့ ဗဟိုအာရွအလယ္ပိုင္းႏိုင္ငံေတြနဲ႔ အေရွ႕အလယ္ပိုင္းေဒသက အီဂ်စ္၊ေဆာ္ဒီအာေရးဗီးယား၊ ယူေအအီး၊ ကာတာႏိုင္ငံေတြနဲ႔ တ႐ုတ္ရဲ႕အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံတို႔ တက္ေရာက္ၾကတာကို ေတြ႕ရပါတယ္။ ေျပာရရင္ေတာ့တက္ေရာက္တဲ့ႏိုင္ငံအမ်ားစုဟာ ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံေတြ မဟုတ္ၾကဘဲ အာဏာရွင္ႏိုင္ငံေတြ၊ အာဏာရွင္တစ္ပိုင္းႏိုင္ငံေတြနဲ႔ တ႐ုတ္ရဲ႕ စီးပြါးေရး၊ႏိုင္ငံေရးအရ ၾသဇာမကင္းတဲ့ ႏိုင္ငံေတြသာ ျဖစ္တယ္လို႔ ဆိုရမွာပါ။ ဒါ့အျပင္ ကိုဗစ္စည္းကမ္း ကန္႔သတ္ခ်က္ေတြေၾကာင့္ တက္ေရာက္သူ ပရိတ္သတ္ကို ကန႔္သတ္ခဲ့ရၿပီးတက္ေရာက္သူ နည္းနည္းနဲ႔ပဲ ဖြင့္ပြဲကို ျပဳလုပ္ခဲ့ရတာပါ။

ေပက်င္းေဆာင္းရာသီအိုလံပစ္ဖြင့္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္အေျခစိုက္ NBC ႐ုပ္သံသတင္းဌာနကေတာ့ အိုလံပစ္ပြဲေတာ္ဖြင့္ပြဲ ၾကည့္ရႈသူအေရအတြက္ သမိုင္းဝင္က်ဆင္းတယ္လို႔ ေဖာ္ျပပါတယ္။ ဖြင့္ပြဲၾကည့္ရႈသူဟာ ၁၆ သန္းသာ ရွိတဲ့အတြက္၂၀၁၈ ခုႏွစ္က ေတာင္ကိုရီးယားမွာ ျပဳလုပ္တဲ့ ေဆာင္းရာသီအိုလံပစ္ဖြင့္ပြဲနဲ႔ ႏႈိင္းယွဥ္ရင္ ၄၃ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။ ၂၀၁၈ ေတာင္ကိုရီးယားမွာျပဳလုပ္တဲ့ၿပဳံခ်န္းေဆာင္းရာသီအိုလံပစ္မွာ ဖြင့္ပြဲၾကည့္ရႈသူအေရည္အတြက္ဟာ ၂၈.၃ သန္း ရွိခဲ့တယ္လို႔ သိရပါတယ္။

ေပက်င္းေဆာင္းရာသီအိုလံပစ္ပြဲေတာ္မွာ ထူးျခားခ်က္အျဖစ္ မီဒီယာေတြကအသားေပးေဖာ္ျပတာကေတာ့ အေမရိကန္ႏိုင္ငံဖြား၊ တ႐ုတ္လူမ်ိဳး နာမည္ႀကီးစကိတ္မယ္ ဇုယီ ပဲျဖစ္ပါတယ္။ ဇုယီ ဟာ အေမရိကန္ျပည္ေထာင္စု၊ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့အိန္ဂ်လိၿမိဳ႕မွာ ေမြးဖြားသူ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၈ ခုႏွစ္မွာအေမရိကန္ႏိုင္ငံသားအျဖစ္ကေန တ႐ုတ္ႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူၿပီးေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။ ဒါေပမဲ့ သူမဟာ ၿပိဳင္ပြဲမွာေအာင္ျမင္မႈ မရရွိခဲ့ပါဘူး။ ၿပိဳင္ပြဲယွဥ္ၿပိဳင္စဥ္အတြင္း သူမဟာ ႏွစ္ႀကိမ္ လဲက်ခဲ့တယ္လို႔ သိရပါတယ္။ ဇုယီ ယွဥ္ၿပိဳင္တဲ့ ႐ုပ္သံကို တ႐ုတ္ျပည္သူ သန္း ၂၀၀ ေက်ာ္က ၾကည့္ရႉခဲ့ပါတယ္။ၿပိဳင္ပြဲ အၿပီးမွာေတာ့ တ႐ုတ္ဆိုရွယ္မီဒီယာေတြေပၚမွာ ဇုယီကို စိတ္ဆိုး မာန္ဆိုး ေဝဖန္သူေတြသန္းနဲ႔ခ်ီတယ္လို႔ သိရပါတယ္

ေပက်င္းအိုလံပြဲေတာ္ကို အေမရိကန္နဲ႔ သူ႔ရဲ႕ မဟာမိတ္ေတြ သံတမန္ေရးသပိတ္ေမွာက္တဲ့ အေၾကာင္းကို
ႏိုင္ငံေရးေဆာင္းပါးရွင္တစ္ဦးက အခုလိုေျပာပါတယ္။

"အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံႀကီးေတြက တ႐ုတ္အိုလံပစ္ပြဲကိုသပိတ္ေမွာက္တယ္ဆိုတာကေတာ့လုပ္ေနၾက လုပ္ထုံး၊လုပ္နည္းလို႔ပဲေျပာရမွာပါ။တ႐ုတ္ႏိုင္ငံရဲ႕ မူဝါဒေတြအေပၚမွာ မေက်နပ္တဲ့သေဘာ၊မႏွစ္ၿမိဳ႕တဲ့သေဘာ၊သေဘာမတူတဲ့ သေဘာလို႔ပဲ ေျပာရမွာပါ"

ေပက်င္းအိုလံပစ္ပြဲေတာ္ က်င္းပခ်ိန္ဟာ ယူကရိန္းအေရး အၾကပ္အတည္းျဖစ္ေနခ်ိန္နဲ႔တိုက္ဆိုင္ေနပါတယ္။ အတိတ္က အေမရိကန္နဲ႔ ဆိုဗီယက္တို႔ အားၿပိဳင္ခဲ့ၾကတဲ့စစ္ေအးေခတ္ပုံရိပ္ေတြ ျပန္လည္ျမင္ေတြ႕ ေနရခ်ိန္လည္း ျဖစ္ပါတယ္။ေပက်င္း အိုလံပစ္ပြဲေတာ္ဖြင့္ပြဲကို တက္ေရာက္လာတဲ့ ရရွားသမၼတ ပူတင္နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ဟာ စကားလုံး ၅,၃၀၀ ပါတဲ့ ႏွစ္ႏိုင္ငံပူးတြဲေၾကညာခ်က္တစ္ေစာင္ကိုထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေၾကညာခ်က္မွာ ႐ုရွားနဲ႔ တ႐ုတ္တိုဟာ ၿပိဳင္ဘက္အင္အားစုေတြကို အတူရင္ဆိုင္သြားမယ္။သူတို႔ရဲ႕ ပိုင္နက္နယ္ေျမေဒသေတြရဲ႕ အနာဂတ္လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးတို႔အတြက္ ပိုမိုထိေရာက္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

နယူးေယာက္တိုင္းသတင္းစာႀကီးကေတာ့ တ႐ုတ္ႏိုင္ငံဟာ လြန္ခဲ့တဲ့ ၁၄ ႏွစ္၊၂၀၀၈ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရရင္ေတာ့အေတာ္ကြာျခားသြားခဲ့ပါၿပီ။တ႐ုတ္ႏိုင္ငံဟာ ပိုၿပီးေတာ့ႂကြယ္ဝ ခ်မ္းသာလာတယ္။ပိုၿပီးေတာ့လည္းအင္အားႀကီးထြားလာသလို ပိုၿပီးေတာ့လည္း ေၾကာက္စရာေကာင္းလာပါတယ္လို႔ မွတ္ခ်က္ျပဳ ေရးသားထားေၾကာင္းပါခင္ဗ်ား။

-----------------------------

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော် နောက်ကွယ်က နိုင်ငံရေးမျက်နှာစာ

ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲကြီးကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ငှက်သိုက်ပုံ အားကစားရုံကြီးမှာ ၂၀၂၂၊ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုတရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင် အပါအဝင်နိုင်ငံပေါင်း ၂၂ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်ကြရတဲ့ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ ဂျပန်၊ အပါအဝင် တရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေကတော့ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်ဖွင့်ပွဲကို မတက်ရောက်ကြဘဲသံတမန်ရေးအရ သပိတ်မှောက်ခဲ့ကြပါတယ်။ သပိတ်မှောက်ရခြင်း အကြောင်းရင်းကတော့ တရုတ်နိုင်ငံတွင်းမှာ ဆန္ဒပြသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အထူးသဖြင့် တရုတ်နိုင်ငံအနောက်မြောက်ဒေသ၊ ရှင်ကျန်းဒေသမှာ ရှိတဲ့ ဝီဂါမူဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိတယ်။နောက်တစ်ခုကတော့ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့သဘောထားတွေကြောင့်လို့ ဆိုပါတယ်။ အမေရိကန်နဲ့သူ့ရဲ့ မဟာမိတ်တွေဟာ သံတမန်ရေးအရ သပိတ်မှောက်တဲ့အနေနဲ့ ပေကျင်းအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုမတက်ရောက်ကြပေမဲ့ နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့တွေကိုတော့ အိုလံပစ်အားကစားပြိုင်ပွဲကို စေလွှတ်ခဲ့ကြပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက အိုလံပစ်ပွဲတော်ဖွင့်ပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ကြပေမယ်လို့ တရုတ်နိုင်ငံဘက်ကတော့ ဖွင့်ပွဲကို တရုတ်နိုင်ငံရဲ့ လူမျိုးစု (၅၆)စု ကိုယ်စားပြုတက်ရောက်တယ်။ အဲဒီအထဲမှာ ဝီဂါလူမျိုးစုဟာလည်း တစ်စုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငှက်သိုက်ပုံအားကစားရုံကြီးထဲကို အိုလံပစ်မီးရှူးတိုင် သယ်ယူတဲ့ တရုတ်အားကစားသမား နှစ်ယောက်အနက် တစ်ယောက်ဟာဝီဂါ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ကျင်းပရာနေရာဖြစ်တဲ့ ပေကျင်းမြို့တော်က ငှက်သိုက်အားကစားရုံကြီးမှာပဲ နွေရာသီအိုလံပစ်အားကစားပွဲတော်ကြီးကို ၂၀၀၈ ခုနှစ်ကလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်နေရာတည်း၊ တစ်နိုင်ငံတည်းမှာ ပြုလုပ်ခဲ့ပေမဲ့ ကြီးမားတဲ့ ခြားနားမှုတွေ ရှိနေခဲ့ပါတယ်။ ၂၀၀၈ နွေရာသီအားကစားပွဲတော်ဖွင့်ပွဲတုန်းက အမေရိကန်သမ္မတဂျော့ဒဘလျူဘုရှ်အပါအဝင် ကမ္ဘာ့နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ စုစုပေါင်း (၁၀၅)ဦးတက်ရောက်ခဲ့ကြတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်း (၅)ခုရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခု ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲမှာတော့ (၂၂)နိုင်ငံကနိုင်ငံအကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ဝင်တွေသာ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းအနေနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲတို့တက်ရောက်ခဲ့တာ တွေ့ရပါတယ်။


အိုလံပစ်ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံတွေဟာလည်း ဆိုဗီယက်ခေတ်၊ ဆိုဗီယက်နိုင်ငံအောက်က ခွဲထွက်ခဲ့ကြတဲ့ ဗဟိုအာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက အီဂျစ်၊ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကာတာနိုင်ငံတွေနဲ့ တရုတ်ရဲ့အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ပြောရရင်တော့တက်ရောက်တဲ့နိုင်ငံအများစုဟာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ မဟုတ်ကြဘဲ အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေနဲ့ တရုတ်ရဲ့ စီးပွါးရေး၊နိုင်ငံရေးအရ သြဇာမကင်းတဲ့ နိုင်ငံတွေသာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ကိုဗစ်စည်းကမ်း ကန့်သတ်ချက်တွေကြောင့် တက်ရောက်သူ ပရိတ်သတ်ကို ကန့်သတ်ခဲ့ရပြီးတက်ရောက်သူ နည်းနည်းနဲ့ပဲ ဖွင့်ပွဲကို ပြုလုပ်ခဲ့ရတာပါ။

ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် NBC ရုပ်သံသတင်းဌာနကတော့ အိုလံပစ်ပွဲတော်ဖွင့်ပွဲ ကြည့်ရှုသူအရေအတွက် သမိုင်းဝင်ကျဆင်းတယ်လို့ ဖော်ပြပါတယ်။ ဖွင့်ပွဲကြည့်ရှုသူဟာ ၁၆ သန်းသာ ရှိတဲ့အတွက်၂၀၁၈ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲနဲ့ နှိုင်းယှဉ်ရင် ၄၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ၂၀၁၈ တောင်ကိုရီးယားမှာပြုလုပ်တဲ့ပြုံချန်းဆောင်းရာသီအိုလံပစ်မှာ ဖွင့်ပွဲကြည့်ရှုသူအရေည်အတွက်ဟာ ၂၈.၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်မှာ ထူးခြားချက်အဖြစ် မီဒီယာတွေကအသားပေးဖော်ပြတာကတော့ အမေရိကန်နိုင်ငံဖွား၊ တရုတ်လူမျိုး နာမည်ကြီးစကိတ်မယ် ဇုယီ ပဲဖြစ်ပါတယ်။ ဇုယီ ဟာ အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိမြို့မှာ မွေးဖွားသူ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်မှာအမေရိကန်နိုင်ငံသားအဖြစ်ကနေ တရုတ်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူပြီးဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ သူမဟာ ပြိုင်ပွဲမှာအောင်မြင်မှု မရရှိခဲ့ပါဘူး။ ပြိုင်ပွဲယှဉ်ပြိုင်စဉ်အတွင်း သူမဟာ နှစ်ကြိမ် လဲကျခဲ့တယ်လို့ သိရပါတယ်။ ဇုယီ ယှဉ်ပြိုင်တဲ့ ရုပ်သံကို တရုတ်ပြည်သူ သန်း ၂၀၀ ကျော်က ကြည့်ရှူခဲ့ပါတယ်။ပြိုင်ပွဲ အပြီးမှာတော့ တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ဇုယီကို စိတ်ဆိုး မာန်ဆိုး ဝေဖန်သူတွေသန်းနဲ့ချီတယ်လို့ သိရပါတယ်

ပေကျင်းအိုလံပွဲတော်ကို အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေ သံတမန်ရေးသပိတ်မှောက်တဲ့ အကြောင်းကို
နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အခုလိုပြောပါတယ်။

"အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေက တရုတ်အိုလံပစ်ပွဲကိုသပိတ်မှောက်တယ်ဆိုတာကတော့လုပ်နေကြ လုပ်ထုံး၊လုပ်နည်းလို့ပဲပြောရမှာပါ။တရုတ်နိုင်ငံရဲ့ မူဝါဒတွေအပေါ်မှာ မကျေနပ်တဲ့သဘော၊မနှစ်မြို့တဲ့သဘော၊သဘောမတူတဲ့ သဘောလို့ပဲ ပြောရမှာပါ"

ပေကျင်းအိုလံပစ်ပွဲတော် ကျင်းပချိန်ဟာ ယူကရိန်းအရေး အကြပ်အတည်းဖြစ်နေချိန်နဲ့တိုက်ဆိုင်နေပါတယ်။ အတိတ်က အမေရိကန်နဲ့ ဆိုဗီယက်တို့ အားပြိုင်ခဲ့ကြတဲ့စစ်အေးခေတ်ပုံရိပ်တွေ ပြန်လည်မြင်တွေ့ နေရချိန်လည်း ဖြစ်ပါတယ်။ပေကျင်း အိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်လာတဲ့ ရရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ စကားလုံး ၅,၃၀၀ ပါတဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ရုရှားနဲ့ တရုတ်တိုဟာ ပြိုင်ဘက်အင်အားစုတွေကို အတူရင်ဆိုင်သွားမယ်။သူတို့ရဲ့ ပိုင်နက်နယ်မြေဒေသတွေရဲ့ အနာဂတ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပိုမိုထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

နယူးယောက်တိုင်းသတင်းစာကြီးကတော့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၄ နှစ်၊၂၀၀၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရရင်တော့အတော်ကွာခြားသွားခဲ့ပါပြီ။တရုတ်နိုင်ငံဟာ ပိုပြီးတော့ကြွယ်ဝ ချမ်းသာလာတယ်။ပိုပြီးတော့လည်းအင်အားကြီးထွားလာသလို ပိုပြီးတော့လည်း ကြောက်စရာကောင်းလာပါတယ်လို့ မှတ်ချက်ပြု ရေးသားထားကြောင်းပါခင်ဗျား။

XS
SM
MD
LG