သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ဆေးသိပ္ပံဆု အမေရိကန်နဲ့ ဂျာမန်သုတေသီတွေရရှိ


၂၀၁၃ ခုနှစ်အတွက် ဆေးသိပ္ပံနိုဘဲလ်ဆုရှင်သုံးဦး။ (James Rothman, Randy Schekman of US, ဂျာမန်နွယ်ဖွားThomas Suedhof ) အောက်တိုဘာ ၇၊ ၂၀၁၃။
၂၀၁၃ ခုနှစ်အတွက် ဆေးသိပ္ပံနိုဘဲလ်ဆုရှင်သုံးဦး။ (James Rothman, Randy Schekman of US, ဂျာမန်နွယ်ဖွားThomas Suedhof ) အောက်တိုဘာ ၇၊ ၂၀၁၃။
၂၀၁၃ ခုနှစ် ဆေးပညာအတွက် နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင်နှစ်ဦးနဲ့ ပူးတွဲပြီး ဂျာမန်ပညာရှင်တဦးကို ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်ပညာရှင်တွေဖြစ်တဲ့ James Rothman, Randy Schekman နဲ့အတူ ဂျာမန်ပညာရှင် Thomas Sudhof တို့ဟာ အမေရိကန်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ တနေရာနဲ့တနေရာ ဘယ်လိုမျိုးကူးလူးသွားလာဖို့ လုပ်ဆေင်ကြသလဲဆိုတာကို သူတို့သုံးဦးပူးပေါင်းပြီး သုတေသန လုပ်ဆောင်လာတဲ့အတွက် ဆုရရှိကြောင်း ဆွီဒင်နိုင်ငံ၊ Stokcholm မြို့က နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ကနေ တနင်္လာနေ့က ကြေညာခဲ့တာပါ။ နှစ်စဉ်ချီးမြှင့်နေတဲ့ နိုဘယ်လ်ဆုတွေထဲမှာ နိုဘယ်လ်ဆေးပညာဆုရှင်ကို ပထမဆုံးချီးမြှင့်တာဖြစ်ပါတယ်။

မစ္စတာ Rothman က Yale တက္ကသိုလ်ရဲ့ ကလပ်စည်းဆိုင်ရာ ဇီဝဗေဒဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားပြည်နယ် Berkeley တက္ကသိုလ်က ကလပ်စည်းဆိုင်ရာ ပါမောက္ခ Schekman ဟာ Howard Hughes ဆေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ ဂျာမဏီနိုင်ငံသား Sudhof ဟာ Stanford တက္ကသိုလ် ကလပ်စည်းဆိုင်ရာ သုတေသန ပါမောက္ခဖြစ်ပါတယ်။

တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ရဲ့ စာပေ၊ သိပ္ပံနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုတွေကို ၁၉၀၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG