သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခို စက်လှေထဲ အကြမ်းဖက်သမားတွေ ရောပါနိုင်


မြေထဲပင်လယ်ထဲ ဖြတ်လာတဲ့ ဒုက္ခသည်များ။
မြေထဲပင်လယ်ထဲ ဖြတ်လာတဲ့ ဒုက္ခသည်များ။

အစွန်းရောက်တွေဟာ ဥရောပသမဂ္ဂနိုင်ငံတွေကိုရောက်ဖို့ လူမှောင်ခိုကူးတဲ့ သူတွေရဲ့ စက်လှေတွေထဲမှာ လိုက်ပြီး မြေထဲပင်လယ်ကို ဖြတ်ကောင်းဖြတ်နိုင် တယ်လို့ NATO တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေ နဲ့ အစွန်းရောက် အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေဟာ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက တိုက်မြောက်ပိုင်းဒေသတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ကြိုးစားနေကြတဲ့ တရားဝင်ဒုက္ခသည်တွေကြားထဲမှာ ပါလာနိုင်တယ် လို့ သံသယရှိကြောင်း နေတိုးတပ်ဖွဲ့ရဲ့တပ်မှူး ၊ အမေရိကန်လေတပ်ဗိုလ်ချုပ် Philip Breedlove က ပြောပါတယ်။ လစ်ဗျားနိုင်ငံက လူမှောင်ခိုကူးတဲ့ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ ရေကြောင်းစစ်ဆင်ရေးကို ဥရောပသမဂ္ဂက တနင်္လာနေ့မှာ အတည်ပြုလိုက်ပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အများဆုံးလက်ခံထားတဲ့ အီတလီနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က - နေတိုး တပ်ဖွဲ့အနေနဲ့ မြေထဲပင်လယ်ဒေသမှာ လက်ရှိရှိနေတဲ့ အကြမ်းဖက် သမားတွေကိုတိုက်ဖျက်နေတဲ့ စစ်ဆင်ရေးကိုပြုပြင်မွမ်းမံပြီး ဥရောပသမဂ္ဂရဲ့ စစ်ဆင်ရေးတွေကို အထောက်အကူပြုနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။

အခုနှစ် တနှစ်တည်းမှာပဲ မြေထဲပင်လယ်ကိုဖြတ်ပြီ ဥရောပကို ဝင်လာတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူအရေအတွက်ဟာ ၅ သောင်းကျော် ရှိပြီး၊ အဲဒီထဲက ၃ သောင်းကျော်ဟာ အီတလီနိုင်ငံကနေ ဖြတ်ပြီး ဝင်ကြတာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR) ကက ပြောပါတယ်။ အဲဒီလိုမြေထဲပင်လယ်ကိုလှေတွေနဲ့ ဖြတ်ကျော်စဉ် ၁၇၀၀ ကျော်ထက်မနည်း ရေနစ်သေးဆုံးခဲ့ကြပါတယ်

XS
SM
MD
LG