သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဂီမုန်တိုင်း တနင်္ဂနွေည ဖိလစ်ပိုင်ဝင်မည်


Trung tâm Thương mại Thế giới mới in bóng xuống sông Hudson, nhìn từ phía thành phố Jersey City, tiểu bang New Jersey.
Trung tâm Thương mại Thế giới mới in bóng xuống sông Hudson, nhìn từ phía thành phố Jersey City, tiểu bang New Jersey.

မက်ဂီလို့ အမည်ပေးထားတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဟာ လေပြင်း တနာရီ ၁၅၅ မိုင်နှုန်းနဲ့ တိုက်ခတ်ပြီး ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပါတယ်။

ဒီနေ့ညမှာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းပေါ်ကို မက်ဂီမုန်တိုင်း ကျရောက်မှာဖြစ်ပြီး လူဇုန်ကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူပေါင်း ၇,၀၀၀,၀၀၀ အနေနဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်း သိုလှောင်ထားဖို့ အစိုးရက အကြံပြုနေပါတယ်။

လူတွေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းပေးနေပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေကိုလည်း အာဏာပိုင်တွေက ဆောင်ရွက်နေကြပါတယ်။

မနက်ဖြန် တနင်္လာနေ့ မနက်မှာ မက်ဂီမုန်တိုင်းဟာ ခါကာရန်ပြည်နယ်ကို ကျရောက်လာမယ်လို့ မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားကြပါတယ်။

ဖိလစ်ပိုင် အရန်တပ်မတော် အင်အား ထောင်ပေါင်းများစွာနဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ဝင် များစွာဟာလည်း ရဟတ်ယာဉ်တွေနဲ့ အသင့်အနေအထား တပ်လှန့်ထားကြပါတယ်။

နှစ်နိုင်ငံ သဘာဝဘေးရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်စဉ်က အမေရိကန်က ကတိပြုထားတဲ့အတိုင်း အမေရိကန် စစ်ဘက်သုံး ချင်းနော့အမျိုးအစား ရဟတ်ယာဉ် ၆ စီးလည်း မက်ဂီမုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ဖို့ ဖိလစ်ပိုင် သဘာ၀ ဘေးအန္တရာယ် ဖြေရှင်းရေးဌာနက ထိပ်တန်း အရာရှိကြီး ဘင်နတို ရာမို့စ်က ပြောကြားထားပါတယ်။

XS
SM
MD
LG