သုံးရလွယ်ကူစေသည့် Link များ

မဲခေါင်မြစ် ရေကာတာ ဆောက်လုပ်ရေး ကန့်ကွက်မှုတွေနဲ့ကြုံ


မဲခေါင်မြစ် ရေကာတာ ဆောက်လုပ်ရေး ကန့်ကွက်မှုတွေနဲ့ကြုံ

မဲခေါင်မြစ်ပေါ်မှာ ရေကာတာ ဆောက်လုပ်ခွင့်ကို ၄ နိုင်ငံပါဝင်တဲ့ မဲခေါင်မြစ်ကော်မရှင်က ဆုံးဖြတ်ချက် မပေးသေးခင်မှာ လာအိုနိုင်ငံက အငြင်းပွားစရာ ဇေယျဘူရီ ရေကာတာဆောက်လုပ်မှု စတင်နေပြီလို့ ဆိုတဲ့ သတင်းတွေအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ အမျက် ဒေါသထွက်နေကြပါတယ်။ ရေကာတာ ဆောက်လုပ်မှုနဲ့ ပတ်သက်လို့ ကော်မရှင်က နောက်ဆုံး ဆုံးဖြတ်ချက်ကို လာအိုနိုင်ငံ Vientiane မြို့တော်မှာ ဒီတပတ် ကြာသပတေးနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီဆောက်လုပ်မှုကို ဗီယက်နန် နဲ့ ကမ္ဘောဒီးယား နိုင်ငံအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ကန့်ကွက်နေကြပါတယ်။

မဲခေါင်မြစ်ပေါ်မှာ ရေကာတာ ဆောက်လုပ်ခဲ့မယ်ဆိုရင် ငါးဖမ်းလုပ်ငန်းအပေါ် မှီတည်နေရတဲ့ လူပေါင်း သန်းနဲ့ချီပြီး သက်ရောက်မှုတွေ ခံရနိုင်တယ်လို့ သဘာဝထိန်းသိမ်းရေး အဖွဲ့တွေက ပြောနေကြပါတယ်။ တကယ်လို့ မဲခေါင်မြစ်ကော်မရှင်က ရေကာတာ မဆောက်ရဘူးလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း ဒီဆုံးဖြတ်ချက်က မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်တဲ့အတွက် ၃.၅ ဘီလျံ ကုန်ကျမယ့် စီမံကိန်းကို လာအို နိုင်ငံက ဆက်လုပ်ကောင်း လုပ်နိုင်ပါတယ်။

ဒီရေကာတာကနေထွက်မယ့် လျှပ်စစ်ဓါတ်အား ကီလိုဝမ် ၁,၂၀၀ ကျော်ကို ထိုင်းနိုင်ငံကိုရောင်းချပြီး စီးပွား တိုးအောင်လုပ်ဖို့ လာအိုနိုင်ငံက မျှော်လင့်နေပါတယ်။

ရေကာကာဆောက်မယ့်နေရာကို သွားဖို့ မိုင် ၂၀ နီးပါးရှည်တဲ့လမ်းကို ထိုင်းဆောက်လုပ်ရေးကုမ္ပဏီက စက်တွေနဲ့ စတင် ဖောက်လုပ်နေတာကို အဲဒီနေရာဆီရောက်ခဲ့တဲ့ သတင်းထောက်တွေ တွေ့ခဲ့ကြတယ်လို့ တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာထဲမှာ ရေးထားပါတယ်။ ဆောက်လုပ်ရေးလုပ်နေတဲ့ ဓါတ်ပုံတွေ၊ ရွာသားတွေနဲ့ အင်တာဗျူးတွေကိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဆောက်လုပ်ရေး လုပ်မယ့် နေရာတွေကလူတွေကို ဒေါ်လာ ၁၅ ဒေါ်လာလောက်ပဲ လျော်ကြေးပေးပြီး နေရာပြောင်းရွှေ့ ခိုင်းတယ်လို့ ရွာသားတွေက ပြောကြတယ်လို့ သတင်းက ပြောပါတယ်။

XS
SM
MD
LG