သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း


မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း
မဲခေါင်မြစ်ဝှမ်း ထိန်းသိမ်းရေး အမေရိကန်အမတ်များ တိုက်တွန်း

အရှေ့တောင်အာရှ ဒေသမှာ ရှိတဲ့ မဲခေါင်မြစ်အတွက် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ တင်းကျပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်ရေး နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အမေရိကန်ရဲ့ အသံနဲ့ မဲကို အသုံးချဖို့ အမေရိကန် အထက်လွှတ်တော်အမတ် တစုက တိုက်တွန်းလိုက်ကြပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ဦးဆောင်တဲ့ အထက်လွှတ်တော် အမတ်တွေက ဆုံးဖြတ်ချက် တရပ်ကို ကြာသပတေးနေ့က အထက်လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ကြတာပါ။

ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အမေရိကန် ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ရဲ့ သြဇာ အရှိန်အဝါကို အသုံးပြုပြီး မဲခေါင်မြစ်ကို ကာကွယ်ဖို့ အဆိုပြုချက်က တောင်းဆိုထားပါတယ်။

ဆာယာဘူရီဆည်ကို တည်ဆောက်ရေးကိစ္စ ရွှေ့ဆိုင်းခဲ့တဲ့ အတွက်လည်း ဆုံးဖြတ်ချက်ထဲမှာ လာအိုနိုင်ငံကို ချီးကျူးထားပါတယ်။ သင့်လျော် လျောက်ပတ်တဲ့ စီမံကိန်းတွေ ရှိလာတဲ့အထိ ဆည်တည်ဆောက်ရေး စီမံကိန်းတွေကို ဆိုင်းငံ့ထားဖို့လည်း အဆိုပြုချက်ထဲမှာ တောင်းဆိုထားပါတယ်။

မဲခေါင်မြစ်အပေါ်မှာ မှီခိုအားထား နေကြရတဲ့ လူပေါင်း သန်း ၆၀ ကျော်တို့ရဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးတို့အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာ့အသိုက်အဝန်းမှာ မဟာဗျူဟာ အကျိူးစီးပွား ရှိနေတယ်လို့ ကြာသပတေးနေ့ ထုတ်ပြန်ချက် တရပ်ထဲမှာ မစ္စတာဝက်ဘ်က ပြောထားပါတယ်။

မဲခေါင်မြစ်တလျှောက်က ဆည်တွေဟာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကို ခြိမ်းခြောက်နေပြီး ငါးတွေ ရွှေ့ပြောင်းတာကို ပိတ်ဆို့စေသလို မြစ်ထဲ ဆားငံရေတွေ ပိုဝင်စေတယ်လို့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က ပြောပါတယ်။

မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကို ဖြတ်သန်း စီးဆင်းနေတဲ့ ဒေသတွင်း အဓိကမြစ်ကြီးတခု ဖြစ်ပါတယ်။

XS
SM
MD
LG