သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်လုံခြုံရေး ပူးတွဲကင်းလှည့်မှု စတင်


မဲခေါင်မြစ်လုံခြုံရေး ပူးတွဲကင်းလှည့်မှု စတင်
မဲခေါင်မြစ်လုံခြုံရေး ပူးတွဲကင်းလှည့်မှု စတင်

မဲခေါင်မြစ် လုံခြုံရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင် ကင်းလှည့်စောင့်ကြပ်မှုကို တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေ မနေ့ကစပြီး ပူးပေါင်း ကင်းလှည့်နေကြပြီလို့ တရုတ်နိုင်ငံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက ရွှေတြိဂံဒေသမှာ တရုတ်သင်္ဘော ၂ စီးမှာပါဝင်တဲ့ သင်္ဘောသား ၁၃ ဦး အသတ်ခံခဲ့ရပြီး နောက်ပိုင်း အခုလို ကင်းလှည့် စောင့်ကြပ်မှု ဖြစ်လာခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ ထူးခြားတဲ့ ခြေလှမ်းတရပ်ကို လှမ်းလိုက်တာဖြစ်ပြီး အရင်ကထက် ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ တရုတ်က ဒေသတွင်းမှာ ပါဝင်လှုပ်ရှားလာတာလည်း ဖြစ်တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။

တရုတ်သင်္ဘောသားတွေ အသတ်ခံခဲ့ရပြီးအချိန် နှစ်ပတ်အကြာမှာ မဲခေါင်မြစ်ကြောင်းတလျှောက် ကင်းလှည့်စောင့်ကြပ်ဖို့ လေးနိုင်ငံ သဘောတူညီချက်ရခဲ့တာလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဆိုပါတယ်။

ပထမဆုံး ကင်းလှည့်မှုမှာတော့ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်က ဂွမ်းလီ ဆိပ်ကမ်းကနေ ကင့်လှည့်သင်္ဘော ၁၀ စီးနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲကို မနေ့ကစပြီး ထွက်ခဲ့ကြပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ သဘောတူ ခွင့်ပြုချက်မပါဘဲ တခြားနိုင်ငံ ပိုင်နက်တွေထဲမှာ လက်နက်ကိုင် ကင်းလှည့်တာလည်း ဖြစ်တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG