သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ လက်ချက်ကြောင့် သေဆုံးသူတွေ အတွက် အောက်မေ့ဘွယ် ရုပ်ထု ဆောက်မည်


ခမာနီလက်ချက်ကြောင့် သေဆုံးခဲ့ရသူများ။
ခမာနီလက်ချက်ကြောင့် သေဆုံးခဲ့ရသူများ။

ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီအစိုးရလက်ထက်က သတ်ဖြတ်ခံလိုက်ရသူတွေ အတွက် အမှတ်ရအောင့်မေ့ဘွယ် ရုပ်ထုတခုကို ခမာနီတွေလက်ထက်က ညှဉ်းပန်းနှိပ်စက်တဲ့ အကျဉ်းစခန်းနေရာတခုမှာ တည်ဆောက်သွားဖို့ ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပေး ထားတဲ့ ခမာနီခုံရုံးအဖွဲ့တို့ ကြာသပတေးနေ့က သဘောတူလိုက်ကြပါတယ်။

အရင်က စာသင်ကျောင်းကို ညှဉ်းပန်းနှိပ်စက်တဲ့ အကျဉ်းစခန်းအဖြစ် ခမာနီတွေက အသွင်ပြောင်းခဲ့ပြီး အခု Tuol Sleng လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအကြောင်း ပြတိုက်လုပ်ထားတဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးတန်းအစဉ်အလာနဲ့အညီ ပြတိုက်တစ်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ခမာနီတွေရဲ့လက်ချက်ကြောင့် လူပေါင်း ၁၂၀၀၀ ကျော် သေဆုံးခဲ့ ရတာလည်း ဖြစ်ပါတယ်။

ဒီအမှတ်ရအောင့်မေ့ဘွယ် ရုပ်ထုဟာ ခမာနီခုံရုံးအတွက် အရေးပါတဲ့ မှတ်ကျောက်တစ်ခုဖြစ်တယ်လို့ ခုံရုံးအဖွဲ့ရဲ့ ယာယီအုပ်ချုပ်ရေးမှူး Kranh Tony က ကြာသပတေးနေ့က ပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ထိုးပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အဲဒီ အမှတ်ရအောက်မေ့ဘွယ် ရုပ်ထုတည်ဆောက်ဖို့အတွက် ၉ လ ကြာမှာ ဖြစ်ပါတယ်။ ခမာနီတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက လျှော်ကြေးဖို့ တောင်းဆိုနေကြသလို အမှတ်ရအောက်မေ့ဘွယ် အဆောက်အဦးတွေ တည်ဆောက်တာနဲ့ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်ရေးဌာနတွေ နိုင်ငံအဝှမ်း ဖွင့်လှစ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG