သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်းကျဆုံးသူများ အမေရိကန်ဂုဏ်ပြု


လူငယ်ကင်းထောက်တပ်ဖွဲ့ဝင်ကလေးတဦးကို နယူးယေက်မြို့၊ ဘရုကလင်က Cypress Hills အမျိုးသား စစ်သချုႋင်းအတွင်း ပြေးလွှားနေတာကို တွေ့ရစဉ်။ (မေ ၂၃၊ ၂၀၁၅)
လူငယ်ကင်းထောက်တပ်ဖွဲ့ဝင်ကလေးတဦးကို နယူးယေက်မြို့၊ ဘရုကလင်က Cypress Hills အမျိုးသား စစ်သချုႋင်းအတွင်း ပြေးလွှားနေတာကို တွေ့ရစဉ်။ (မေ ၂၃၊ ၂၀၁၅)

စစ်မှုထမ်းစဉ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့နှစ်စဉ်ကျင်းပတဲ့ Memorial Day လို့ အောက်မေ့ဘွယ်နေ့ အခမ်းအနားကို ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန်ပြည်သူတွေ ဆင်နွဲကြဖို့ရှိပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့တချို့တွေက စစ်ပွဲတွေမှာ ကျဆုံးသွားတဲ့သူတွေအတွက် စီတန်းလှည့်လည်ပြီး ဂုဏ်ပြုချီတက်ပွဲတွေ၊

မျိုးချစ်စိတ်တက်ကြွစေတဲ့ ဂီတဖျော်ဖြေပွဲတွေနဲ့ အခမ်းအနားတွေလုပ်ပြီး ဆင်နွဲကြမယ့်တချိန်တည်းမှာပဲ စစ်မှုထမ်းနေစဉ်ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကလည်း တိတ်ဆိတ်စွာ အောက်မေ့သတိရဂုဏ်ပြုသွားကြမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ မော်တော်ဆိုင်ကယ်စီးတဲ့သူ ထောင်နဲ့ချီပြီး ဝါရှင်တန်ဒီစီမြို့ထဲမှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်စီးနင်းခဲ့ကြပြီးတော့ စစ်သုံ့ပန်းတွေနဲ့ တိုက်ပွဲမှာ ပျောက်ဆုံးနေသူတွေအတွက် သတိရကြဖို့ စုဝေးခဲ့ကြပါတယ်။

သမ္မတအိုဘားမားကတော့ သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ ဒီအောက်မေ့ဘွယ်နေ့အထိမ်းအမှတ်အဖြစ်နဲ့ စစ်ပွဲတွေမှာ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့တဲ့ အမေရိကန်စစ်သား စစ်သမီးတွေကိုလည်း ဂုဏ်ပြုပြောကြားသွားပါတယ်။ သမ္မတအိုဘားမားက အာဖဂန်စစ်ပွဲပြီးသွားတဲ့နောက် ပထမဆုံး အောက်မေ့ဘွယ်နေ့ဖြစ်တာကြောင့် ဒီနှစ်က အားလပ်ရက်က အဓိပ္ပါယ်ရှိတဲ့နေ့တနေ့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ကလေးသူငယ်တွေအပါအဝင် အမေရိကန်ပြည်သူတွေအတော်များများဟာ ဒီကနေ့မှာ အားလပ်ရက်အဖြစ်ရကြမှာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ နွေရာသီစပြီလို့လည်း တချို့ကသတ်မှတ်ကြပါတယ်။ မိသားစုအတော်များများကတော့ ဒီအားလပ်ရက်အတွင်း ပန်းခြံတို့ ကမ်းခြေတို့သွားရောက်ပြီး အပန်းဖြေလေ့ရှိကြပါတယ်ခင်ဗျာ။

XS
SM
MD
LG