သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မြို့တော်မှာ အောက်မေ့ဘွယ်နေ့ ဂုဏ်ပြုအခမ်းအနားတွေ စတင်


People tour a memorial with U.S. flags set next to the Soldiers and Sailors Monument by the Massachusetts Military Heroes Fund for Memorial Day, in Boston, Massachusetts.
People tour a memorial with U.S. flags set next to the Soldiers and Sailors Monument by the Massachusetts Military Heroes Fund for Memorial Day, in Boston, Massachusetts.

အမေရိကန်ပြည်ထောင်စုမှာ မေလ ၂၉ ရက်၊ လာမယ့်တနင်္လာနေ့ကျရင် စစ်ပွဲတွေတွင်း ကျဆုုံးခဲ့တဲ့စစ်သည်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဘွယ်နေ့ ကျရောက်မှာမို့ နိုင်ငံတဝန်းက ဧည့်သည်တွေ ဝါရှင်တန်မြို့တော်ကို လာရောက်နေကြပါတယ်။ ဝါရှင်တန်မြို့တော်နဲ့ကပ်လျက် ဗာဂျီးနီးယားပြည်နယ်ထဲက အာလင်တန် (Arlington) အမျိုးသားစစ်သင်္ချိုင်းအပြင်၊ ကျဆုံးစစ်သည်တွေအတွက် ဂုဏ်ပြုအထိမ်းအမှတ်လုပ်ထားတဲ့ မြို့တော်ထဲက နေရာတွေကို သွားရောက်ဂုဏ်ပြုနေကြသလို၊ တချို့ရပ်ကွက်တွေမှာဆိုရင် အိမ်တိုင်းရှေ့မှာ အမေရိကန်အလံငယ်တွေ စိုက်ထူပြီး ကျဆုံးစစ်သည်တွေကို မမေ့ဘူးဆိုတာ ပြသနေကြပါတယ်။

၁၉၄၈ ခုနှစ်ထဲကစခဲ့တဲ့ အစဉ်အလာအတိုင်း အာလင်တန် စစ်သင်္ချိုင်းထဲက ကျဆုံးစစ်သည်တွေ မြှုပ်နှံထားရာ နေရာတိုင်းမှာလည်း စစ်သားနဲ့ ပါဝင်ကူညီသူ စုစုပေါင်း ၁ ထောင်ကျော်က အလံငယ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းထဲက စိုက်ထူပေးခဲ့ကြပါတယ်။ ဝါရှင်တန်မြို့တော်မှာ ကျဆုံးစစ်သည်များအတွက် အထိမ်းအမှတ်ဂုဏ်ပြု အခမ်းအနားတွေ၊ စီတန်းလမ်းလျှောက်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေလည်း ကျင်းပကြပါတယ်။

Memorial Day နေ့ဟာ အစိုးရရုံးပိတ်ရက်လည်း ဖြစ်တာမို့ ပြည်တွင်းခရီး ထွက်ကြသူတွေလည်း တော်တော်များများ ရှိပါတယ်။ ရုံးပိတ်ရက်ရှည်အတွင်း မိုင် ၅၀ ထက်မနည်းတဲ့ ခရီးကို ကားမောင်းခရီးထွက်ကြမယ့်သူ ၃၇ သန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် မော်တော်ယာဉ်များအသင်း AAA က ခန့်မှန်းထားပါတယ်။

လေဆိပ်တွေမှာလည်း ခရီးသွားသူတွေ ကြန့်ကြာမှုတွေ မဖြစ်ရအောင် ဝန်ထမ်းတွေ အလုံအလောက်ရှိဖို့ ကြိုးစားထားတယ်လို့ သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့ကနေ တနင်္လာနေ့အထိ လေဆိပ် လုံခြုံရေးဖြတ်သူပေါင်း ၁၀ သန်းလောက်ရှိမယ်လို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဌာန TSA က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG