သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အရာရှိဟောင်းကိုနေရပ်ပြန်ဖို့ ခြိမ်းခြောက်သူ သုံးဦး အပြစ်ရှိဟု ကန်တရားရုံးဆုံးဖြတ်


နယူးယောက်မြို့ တရားရုံးကို တရားရင်ဆိုင်ဖို့ လာရောက်တဲ့ Michael McMahon ေမ ၃၁၊ ၂၀၂၃။
နယူးယောက်မြို့ တရားရုံးကို တရားရင်ဆိုင်ဖို့ လာရောက်တဲ့ Michael McMahon ေမ ၃၁၊ ၂၀၂၃။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ တရုတ်အစိုးရအရာရှိဟောင်း တဦးကို အတင်းအကျပ် နေရပ်ပြန်ဖို့ ခြိမ်းခြောက်ခဲ့တယ် ဆိုတဲ့အမှုစွဲချက်နဲ့ အမေရိကန်နိုင်ငံသားတဦးနဲ့ အမေရိကန်မှာ နေထိုင် နေတဲ့တရုတ်နိုင်ငံသားနှစ်ဦးကို အမေရိကန်ဖက်ဒရယ်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ် လိုက်ပါတယ်။

ဘရွတ်ကလင်းဖက်ဒရယ်တရားရုံး တရားသူကြီးတဦးအင်္ဂါနေ့က စီရင်ချ ချရာမှာ အမေရိကန် အလွတ်စုံ ထောက် Michael McMahon နဲ့ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ Zheng Congying နဲ့ Zhu Yong တို့ကို နယူးဂျာစီမှာ နေထိုင်နေတဲ့တရုတ်အရာရှိဟောင်းတဦးကို နေရပ်ပြန်ဖို့ ခြောက်လှန့် ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့ တရားရုံးကထွက်လာတဲ့ Congying Zhen ၊ မေ ၃၁၊ ၂၀၂၃
နယူးယောက်မြို့ တရားရုံးကထွက်လာတဲ့ Congying Zhen ၊ မေ ၃၁၊ ၂၀၂၃


Zhu ကို တရားမဝင် နိုင်ငံခြားသူလျှိုအဖြစ် ဆောင်ရွက်မှု၊ နောက်ယောင်ခံချောင်းမြောင်းမှု အစရှိတဲ့ လျှို့ဝှက်အမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ Zheng ကတော့ နောက်ယောင်ခံ ချောင်းမြောင်းမှု၊ ချောင်းမြောင်းရန်ကြံစည်မှုတွေနဲ့အပြစ်ပေးခံရပြီး အခြားစွဲချက်တွေကလွတ်မြောက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား McMahon ကိုတော့ နိုင်ငံခြားသူလျှို အဖြစ် ပူးပေါင်းကြံစည်မှုကလွဲပြီး ကျန်တဲ့ အမှုအားလုံးနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဂတိစွပ်စွဲချက်နဲ့ အဝေးရောက်တရုတ်နိုင်ငံသားတွေကို တရုတ်ပြည်တွင်းမှာ အမှုရင်ဆိုင်ဖို့ နေရပ်ပြန် ခေါ်တဲ့ Operation Fox Hunt လို့ အမည်ပေးထားတဲ့ တရုတ် အစိုးရရဲ့ လျှို့ဝှက် စစ်ဆေးရေးဆက်စပ် အမှုတွေကို အမေရိကန်အစိုးရက အရှိန်မြှင့် ဖော်ထုတ် စစ်ဆေးနေတာမှာ အခုအမှုကပထမဆုံး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

နယူးယောက်မြို့ တရားရုံးကို တရားရင်ဆိုင်ဖို့ လာရောက်တဲ့ Zhu Yong ၊ မေ ၃၀ ၊ ၂၀၂၃
နယူးယောက်မြို့ တရားရုံးကို တရားရင်ဆိုင်ဖို့ လာရောက်တဲ့ Zhu Yong ၊ မေ ၃၀ ၊ ၂၀၂၃


Operation Fox Hunt စစ်ဆင်ရေး အစပြုခဲ့တာ ဆယ်စုနှစ်တခုလောက်ရှိနေပြီး တရားဥပဒေ အရေးယူမှု ကနေ ရှောင်လွှဲနေသူ တရားခံပြေးတွေကို အရေးယူဖို့ လုပ်ဆောင်တာလို့ တရုတ် အစိုးရက ပြောလေ့ရှိပါ တယ်။ ဒါပေမယ့် ခြိမ်းခြောက်တဲ့ နည်းလမ်းတွေသုံးပြီး အတင်းအကျပ်နေရပ် ပြန်ခေါ်တာမျိုး မရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

အမေရိကန်အစိုးရကတော့ ဒီဖြစ်စဥ်တွေထဲကတချို့ဟာတရုတ်အစိုးရကို ဝေဖန်လေ့ရှိတဲ့ အဝေးရောက် သဘောထားကွဲလွဲသူတွေ အပေါ် “နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု” အဖြစ် ရှုမြင်လေ့ရှိပြီး တရုတ် အစိုးရက နိုင်ငံရပ်ခြားအထိ အေးဂျင့်တွေ စေလွှတ်ကာ ဝေဖန်သူတွေကို နှောင့်ယှက်၊ ခြိမ်းခြောက်၊ နှုတ်ပိတ်တာတွေ လုပ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG