သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon တင်းနစ် အမျိုးသားဗိုလ်လုပွဲ ယှဉ်ပြိုင်


ဆားဗီးယား Novak Djokovic (ဝဲ) နဲ့ ဆွစ်ဇာလန် Roger Federer တို့ အမျုိုုးသားတစ်ဦးချင်း တင်းနစ်စ် မယှဉ်ပြိုင်မီ။ (ဂျူလိုင် ၆၊ ၂၀၁၄)
ဆားဗီးယား Novak Djokovic (ဝဲ) နဲ့ ဆွစ်ဇာလန် Roger Federer တို့ အမျုိုုးသားတစ်ဦးချင်း တင်းနစ်စ် မယှဉ်ပြိုင်မီ။ (ဂျူလိုင် ၆၊ ၂၀၁၄)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ် (Wimbledon Tennis) ပြိုင်ပွဲတွေရဲ့ အမျိုးသား ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ဒီကနေ့ ညနေ (၇ နာရီခွဲမှာ) စတင်လိုက်ပြီး ကမ္ဘာ့နံပါတ် (၁) Novak Djokovic နဲ့ နံပါတ် (၄) Roger Federer တို့ ယှဉ်ပြိုင် ကစားနေကြပါတယ်။

ဒီပွဲမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ Roger Federer သာ အနိုင်ရရင် သူဟာ* Wimbledon * ၈ ကြိမ်မြောက် *ချန်ပီယံ အဖြစ်နဲ့ရော Wimbledon
မှာ အသက်အကြီးဆုံး ချန်ပီယံအဖြစ်နဲ့ပါ စံချိန်ချိုးမှာဖြစ်ပါတယ်။

အမျိုးသမီး ဗိုလ်လုပွဲမှာတော့ ကမ္ဘာ့နံပါတ် ၆ နေရာမှာရှိတဲ့ Czech Republic နိုင်ငံသူ Petra Kvitova က Canada က Eugenie Bouchard ကို ၆-၃, ၆-၀ နဲ့ အနိုင်ရပြီး Wimbledon ချန်ပီယံ ဆုကို ဒုတိယအကြိမ် ဆွတ်ခူးသွားပါတယ်။

၂၀၁၁ မှာ Wimbledon ချန်ပီယံ ဖြစ်ခဲ့သေးတဲ့ Kvitova က ပြိုင်ပွဲ တချိန်လုံးမှာ သူ့ပြိုင်ဘက် ကမ္ဘာ့နံပါတ် ၁၃ ကို ဖိထားနိုင်ပြီး ကစားချိန် ၅၅ မိနစ်နဲ့ အပြတ် ကစားလိုက်နိုင်တာဖြစ်ပါတယ်။ ဒီလို အချိန်တိုတွင်း ပြိုင်ဘက်ကို အနိုင်ကစားခဲ့တဲ့ Wimbledon Tennis ဗိုလ်လုပွဲနောက်ဆုံးတခေါက်က ၁၉၈၃ ခုနှစ်မှာဖြစ်ပြီး Czech နိုင်ငံက Martina Navratilova က အမေရိကန်ပြည်ထောင်စုက Andrea Jaeger ကို ၅၄ မိနစ်နဲ့ အနိုင်ကစားခဲ့တာပါ။ အခုအနိုင်ရသွားတဲ့ Petra Kvitova ဟာ လွန်ခဲ့တဲ့ ၃ နှစ် Wimbledon မှာ အနိုင်ရပြီးကတည်းက Grand Slam ပွဲကြီးတွေမှာ ဗိုလ်လုပွဲထိရောက်မလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG