သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အကြီးအကဲ တရုတ်ခရီးစဉ်မှာ ပျောက်ဆုံး


အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ တရုတ်နိုင်ငံသား meng Hongwei
အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ တရုတ်နိုင်ငံသား meng Hongwei

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ တရုတ်နိုင်ငံသား Meng Hongwei ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပျောက်ဆုံးသွားပြီးတော့ ဒီဖြစ်ရပ်ကို တရုတ်နဲ့ပြင်သစ် ပူးတွဲ စုံစမ်းစစ်ဆေးနေတယ်လို့ INTERPOL ကပြောပါတယ်။

Meng Hongwei ပျောက်ဆုံးနေတဲ့အပေါ် နောက်ထပ် မှတ်ချက်ပေး ပြောဆိုဖို့ မရှိသေးဘူးလို့ သောကြာနေ့ ထုတ်ပြန်ချက်တခု မှာ အင်တာပိုလ်က ပြောထားပါတယ်။ Meng Hongwei ဟာ လေးနှစ်သက်တမ်းရှိတဲ့ အင်တာပိုလ်အကြီးအကဲ နေရာအတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရွေးချယ်ခံရတာပါ။

အင်တာပိုလ်အဖွဲ့ အခြေစိုက်ရာ ပြင်သစ်နိုင်ငံ၊ Lyon မြို့မှာနေထိုင်တဲ့ Meng ရဲ့ဇနီးဖြစ်သူက ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်း မှာ သူ့ခင်ပွန်း တရုတ်နိုင်ငံကို ခရီးထွက်သွားပြီးကတည်းကဆိုရင် ဘာအဆက်အသွယ်မှ မရတော့ဘူးဆိုပြီး ပြင်သစ်ရဲတပ်ဖွဲ့ကို မကြာသေးခင်ကပဲ အကြောင်းကြားတာပါ။

တရုတ်နိုင်ငံ၊ လူထုလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီးဟောင်း အသက် ၆၄ နှစ်အရွယ် Meng ဟာ အင်တာပိုလ်အကြီးအကဲအဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး တရုတ်နိုင်ငံသားဖြစ်ပါတယ်။

Meng ဟာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာနဲ့ ရဲလုပ်ငန်းဆိုင်ရာတို့မှာ နှစ် ၄၀ နီးပါး အတွေ့အကြုံရှိထားသူဖြစ်တယ်လို့ အင်တာပိုလ်ဝက်ဘ်ဆိုက်တ်မှာ တင်ထားတဲ့ Meng ရဲ့ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားပါတယ်။ သူဟာ ဥပဒေရေးရာ အဖွဲ့ အစည်းပိုင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး၊ နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖူးသူ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG