သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကြောင့် နိုင်ငံတကာ သဘောၤသားတွေ လုပ်ငန်းခွင်ဝင်ရေး အခက်တွေ့


(Zawgyi/ Unicode)

ကုန်သွယ် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှာ သဘောၤသား အရေအတွက် တိုးပွားရေး မလုပ်နိုင်ရင် လာမယ့် ၅ နှစ် အတွင်း သဘောၤသား မလုံလောက်မှုနဲ့ ကြုံတွေ့လာရနိုင်ကြောင်း Baltic နဲ့ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ကောင်စီ(BIMCO) နဲ့ နိုင်ငံတကာ သဘောၤသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ICS တို့ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ သတိပေးပါတယ်။

မြန်မာနိုင်ငံမှာလည်း Covid-19 ကပ်ဘေးရောဂါ ရိုက်ခတ်မှုကြောင့် နိုင်ငံတကာ သဘောၤသားတွေ လုပ်ငန်းခွင် ဝင်ရေး အတိုင်းအတာ တခု အထိ နှောင့်နှေးနေပါတယ်။ သဘောၤသား စုဆောင်းရေး ကုမ္ပဏီ တခုက မန်နေဂျာ ဦးအေးချမ်းမြင့်ဦးကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

(Unicode)





XS
SM
MD
LG