သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခိုးနားထောင် သတင်းယူမှု မီဒီယာသူဌေးကြီး တောင်းပန်

ဖုန်းခိုးနားထောင် သတင်းယူမှု မီဒီယာသူဌေးကြီး တောင်းပန်
ဖုန်းခိုးနားထောင် သတင်းယူမှု မီဒီယာသူဌေးကြီး တောင်းပန်

ပြီးခဲ့တဲ့သီတင်းပတ်က ပိတ်ပစ်လိုက်ပြီဖြစ်တဲ့ စာဖတ်သူ သည်းခြေကြိုက် ပေါ်ပင်သတင်းတွေပါတဲ့ News of the World သတင်းစာက ဖုန်းခိုးနားထောင်တာ ခံရသူတွေကို မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ခ် (Rupert Murdoch) က တောင်းပန်လိုက်ပါတယ်။

သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ တောင်းပန်စာကို ဗြိတိန်နိုင်ငံက အထင်ကရ သတင်းစာကြီးတွေမှာ လာမယ့် ရက်ပေါင်း အတော်ကြာကြာ ထည့်သွင်း ဖော်ပြမယ်လို့ မားဒေ့ါခ်ရဲ့ ဗြိတိန်နိုင်ငံ သတင်းစာလုပ်ငန်း အဖွဲ့က ပြောပါတယ်။ ဆိုးဆိုးရွားရွား မှားယွင်းတဲ့လုပ်ရပ်အတွက် သူက စာထဲမှာ တောင်းပန်ထားပြီး သူ့သတင်းထောက်တွေရဲ့ ဖုန်းခိုးနားထောင်တဲ့ဖြစ်ရပ် အများအပြားနဲ့ သတင်းရဖို့ ရဲကို ငွေပေးခဲ့တာတွေကနေ နစ်နာရသူတွေအတွက် အလွန်အမင်း ဝမ်းနည်းပါကြောင်း ပြောထားပါတယ်။

လူသိရှင်ကြား တောင်းပန်စာကိစ္စကို သူ့ရဲ့ News Corporation က ကြေညာလိုက်တာနဲ့အမျှ အသတ်ခံလိုက်ရတဲ့ အသက် ၁၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူလေး မီလီ ဒေါင်လာ (Milly Dowler) ရဲ့ မိဘတွေနဲ့ မားဒေါ့ခ်တို့ လန်ဒန်မြို့က ဟော်တယ်တခုမှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၀ အရွယ် မားဒေါ့ခ်ဟာ အင်မတန်ကို နှိမ့်ချသူဖြစ်ပြီး တောင်းပန်စကား ပြောတဲ့ အချိန်မှာ အလွန်အမင်းကိုပဲ တုန်တုန်ယင်ယင်ဖြစ်နေတယ်လို့ ဒေါင်လာမိသားစုရဲ့ ရှေ့နေ တယောက်ကပြောပါတယ်။

This item is part of
XS
SM
MD
LG