သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအခြေချသူတွေ ပြဿနာ ဝိုင်းအဖြေရှာကြဖို့ ဂျာမနီပန်ကြား


ဂျာမန်ဝန်ကြီးချုပ် Angela Merkel
ဂျာမန်ဝန်ကြီးချုပ် Angela Merkel

ဥရောပတိုက်အတွင်း ထောင်သောင်းချီပြီး အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြတဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ဥရောပတိုက်အတွင်းက တခြား နိုင်ငံတွေအနေနဲ့လည်း မျှဝေ တာဝန်ယူပေးကြဖို့ ဂျာမန်ဝန်ကြီးချုပ် Angela Markel က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဂျာမနီရဲ့ အိမ်နီးချင်းနိုင်ငံတွေက အဲဒီလို တောင်းဆိုမှုကို လက်မခံကြပါဘူး။

ဥရောပတိုက်အတွင်းက တခြား တိုင်းပြည်တွေထက် ဂျာမနီနိုင်ငံက ဒုက္ခသည်အရေအတွက် အများအပြား လက်ခံထားပြီးဖြစ်ပြီး အခုနှစ် ကုန်ပိုင်းလောက် ကျရင် အဲဒီ အရေအတွက်ဟာ ၈ သိန်းလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဥရောပတိုက်အတွင်းက နိုင်ငံတွေအနေနဲ့ တနိုင်ငံချင်းစီ အလိုက် ဒုက္ခသည်အရေအတွက် ဘယ်လောက်အထိ လက်ခံသင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို Slovakia ၊ Czech ပြည်ထောင်စု၊ Hungary နဲ့ Poland နိုင်ငံ စတဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက ဟန့်တားနေပါတယ်။

သူတို့နိုင်ငံအနေနဲ့ ဒုက္ခသည် ဘယ်နှစ်ဦး လက်ခံရမယ်ဆိုတဲ့ အရေအတွက် အတိအကျ သတ်မှတ်မှုမျိုးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ Slovakia ဝန်ကြီးချုပ် Robert Fico က ပြောပါတယ်။

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်ကနေ အန္တရာယ်များတဲ့ ခရီးလမ်းကို ဖြတ်ပြီး ဥရောပတိုက်ကို ထွက်ပြေးလာကြသူတွေဟာ စီးပွားရေး အခွင့်အလမ်းအတွက် ရောက်လာကြသူတွေဖြစ်ပြီး သူတို့ကို နေရပ်ပြန်ပို့သင့်တယ်လို့ Slovakia ဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG