သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီဝန်ကြီးချုပ် Merkel ပါတီ ရွေးကောက်ပွဲအနိုင်ရ


မနေ့က ကျင်းပခဲ့တဲ့ ဂျာမနီနိုင်ငံ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Angela Merkel ရဲ့ ပါတီက အနိုင်ရခဲ့ပေမဲ့ လွှတ်တော်နေရာအများစုကို အပြတ်အသတ် အနိုင်ရဖို့ အနည်းငယ် လိုသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေအရ မစ္စ Merkel ရဲ့ Christian Democrats ပါတီ က မဲအရေအတွက် ၄၁ ဒဿမ ၅ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး အောက် လွှတ်တော်မှာ နေရာအများစုရဖို့ ၅ နေရာပဲ လိုတော့တာဖြစ်ပါတယ်။ မစ္စ Merkel အနေနဲ့ မဲအရေအတွက် ၂၆ ရာခိုင်နှုန်း အနိုင်ရခဲ့တဲ့ Social Democrats ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ လုပ်ရတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ Free Democrats ပါတီကတော့ မဲအရေအတွက် ၄ ဒဿမ ၈ ရာခိုင်နှုန်းပဲ အနိုင်ရခဲ့တာကြောင့် လွှတ်တော်ထဲမှာ အနိုင်ရဖို့ လိုအပ်တဲ့ ၅ ရာခိုင်နှုန်း မပြည့်ခဲ့ပါဘူး။ ဂျာမနီနိုင်ငံအတွက် အောင်မြင်တဲ့ နှစ်တွေဖြစ်စေဖို့ အားလုံးကို အတူတကွ လုပ်ဆောင်သွားကြမယ်လို့ ပျော်ရွှင်နေတဲ့
ထောက်ခံသူတွေကို မစ္စ Merkel က ပြောခဲ့ပါတယ်။
XS
SM
MD
LG