သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Meta ဝန္ထမ္း ၁ ေသာင္းေက်ာ္ အလုပ္ျဖဳတ္ခံရ


Facebook Metaverse

[[Zawgyi/Unicode]]

Facebook ရဲ႕မိခင္ကုမၸဏီ Meta က ကမာၻတဝန္းက ဝန္ထမ္း ၁၀,၀၀၀ ေက်ာ္ကိုအလုပ္ထုတ္ပစ္လိုက္ပါတယ္။

ဝင္ေငြက်ဆင္းလာတာနဲ႔ နည္းပညာလုပ္ငန္းပိုင္းဆိုင္ရာ ျပႆနာေတြရင္ဆိုင္ေနရတာေၾကာင့္ ဝန္ထမ္းစုစုေပါင္းရဲ႕ ၁၃ ရာခိုင္ႏႈန္းေလာက္ျဖစ္တဲ့ လုပ္သားေပါင္း ၁,၁၀၀၀ ကို အလုပ္ရပ္စဲလိုက္တာပါ။

ကုမၸဏီလုပ္ငန္းေတြကို က်စ္က်စ္လ်စ္လ်စ္ေဆာင္႐ြက္ႏိုင္ဖို႔နဲ႔ အသုံးစရိတ္ေလွ်ာ့ခ်ႏိုင္ဖို႔ ခုလို ဝန္ထမ္းေတြကို စိတ္မေကာင္းစြာနဲ႔ ေလွ်ာ့ခ်လိုက္ရတယ္လို႔ အမႈေဆာင္အရာရွိခ်ဳပ္ Mark Zuckerberg ကေၾကညာခဲ့ပါတယ္။

Space X နဲ႔ Tesla လွ်ပ္စစ္ကားကုမၸဏီပိုင္ရွင္ သူႂကြယ္သူေဌးႀကီး Elon Musk က Twitter လူမႈကြန္ရက္ကိုဝယ္ခဲ့ၿပီး ရက္ပိုင္းမွာပဲ ဝန္ထမ္းထက္ဝက္ကို အလုပ္ကျဖဳတ္ခဲ့ပါေသးတယ္။ အခု တပတ္အၾကာမွာပဲ Facebook ကလည္း ဝန္ထမ္း အေျမာက္အမ်ားကို အလုပ္ျဖဳတ္ခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလေတြတုန္းကေတာ့ လူေတြအိမ္ျပင္မထြက္ၾကဘဲ ဖုန္းနဲ႔ ကြန္ျပဴတာေတြ အသုံးျပဳတာမ်ားတဲ့အတြက္ Facebook အပါအဝင္ လူမႈကြန္ရက္ေတြေပၚက ေၾကညာကတဆင့္ ဝင္ေငြေတြတိုးခဲ့ပါတယ္။ အခုကပ္ေရာဂါ ကူးစက္မႈေတြက်ဆင္းလာတဲ့ေနာက္ပိုင္း လူေတြ အျပင္ထြက္သြားလာၾကတာေၾကာင့္ လူမႈကြန္ရက္သုံးစြဲမႈ ေလ်ာ့က်လာတာနဲ႔အတူ Meta ကုမၸဏီဝင္ေငြလည္း က်ဆင္းခဲ့ပါတယ္။

ကမာၻ႔စီးပြားေရးေႏွးေကြးက်ဆင္းေနသလို အြန္လိုင္းေၾကာ္ျငာေတြ နည္းပါးလာတာေၾကာင့္ လူမႈကြန္ယက္ မီဒီယာေတြ ဝင္ေငြထိခိုက္က်ဆင္းေနတယ္လို႔ နည္းပညာဆိုင္ရာ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

Meta ဝန္ထမ္း ၁ ေသာင္းေက်ာ္ အလုပ္ျဖဳတ္ခံရ.mp3
please wait

No media source currently available

0:00 0:00:59 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

Meta ဝန်ထမ်း ၁ သောင်းကျော် အလုပ်ဖြုတ်ခံရ

Facebook ရဲ့မိခင်ကုမ္ပဏီ Meta က ကမ္ဘာတဝန်းက ဝန်ထမ်း ၁၀,၀၀၀ ကျော်ကိုအလုပ်ထုတ်ပစ်လိုက်ပါတယ်။

ဝင်ငွေကျဆင်းလာတာနဲ့ နည်းပညာလုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေရင်ဆိုင်နေရတာကြောင့် ဝန်ထမ်းစုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လုပ်သားပေါင်း ၁,၁၀၀၀ ကို အလုပ်ရပ်စဲလိုက်တာပါ။

ကုမ္ပဏီလုပ်ငန်းတွေကို ကျစ်ကျစ်လျစ်လျစ်ဆောင်ရွက်နိုင်ဖို့နဲ့ အသုံးစရိတ်လျှော့ချနိုင်ဖို့ ခုလို ဝန်ထမ်းတွေကို စိတ်မကောင်းစွာနဲ့ လျှော့ချလိုက်ရတယ်လို့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကကြေညာခဲ့ပါတယ်။

Space X နဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီပိုင်ရှင် သူကြွယ်သူဌေးကြီး Elon Musk က Twitter လူမှုကွန်ရက်ကိုဝယ်ခဲ့ပြီး ရက်ပိုင်းမှာပဲ ဝန်ထမ်းထက်ဝက်ကို အလုပ်ကဖြုတ်ခဲ့ပါသေးတယ်။ အခု တပတ်အကြာမှာပဲ Facebook ကလည်း ဝန်ထမ်း အမြောက်အများကို အလုပ်ဖြုတ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလတွေတုန်းကတော့ လူတွေအိမ်ပြင်မထွက်ကြဘဲ ဖုန်းနဲ့ ကွန်ပြူတာတွေ အသုံးပြုတာများတဲ့အတွက် Facebook အပါအဝင် လူမှုကွန်ရက်တွေပေါ်က ကြေညာကတဆင့် ဝင်ငွေတွေတိုးခဲ့ပါတယ်။ အခုကပ်ရောဂါ ကူးစက်မှုတွေကျဆင်းလာတဲ့နောက်ပိုင်း လူတွေ အပြင်ထွက်သွားလာကြတာကြောင့် လူမှုကွန်ရက်သုံးစွဲမှု လျော့ကျလာတာနဲ့အတူ Meta ကုမ္ပဏီဝင်ငွေလည်း ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းနေသလို အွန်လိုင်းကြော်ငြာတွေ နည်းပါးလာတာကြောင့် လူမှုကွန်ယက် မီဒီယာတွေ ဝင်ငွေထိခိုက်ကျဆင်းနေတယ်လို့ နည်းပညာဆိုင်ရာ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG