သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်ကနေ စိတ်ကြွဆေးပြား သန်း ၂၈၀ ထက်မနည်း နေ့စဉ်ထုတ်လုပ်ဖြန့်ဖြူးနေ (ထိုင်းတရားရေးဝန်ကြီး) 


ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။
ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသကနေ နေ့စဉ် မက်သမ်ဖက်တာမင်း (Methamphetamine) စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၂၈၀ ကို မူးယစ်ဆေးထုတ်လုပ်သူတွေက တင်ပို့နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin ကို ကိုးကားပြီး မနေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားပါတယ်။

ထိုင်းနယ်စပ်အပြင်ဘက် နေရာအနှံ့ ပြန့်ကျဲနေတဲ့ စက်ရုံ ၇ ခုရှိပြီး စိတ်ကြွဆေးအများအပြား ထုတ်လုပ်နေကြောင်း ဝန်ကြီး Somsak Thepsutin ကပြောပေမယ့် မြန်မာနိုင်ငံဆိုတဲ့နာမည်ကို ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း စိတ်ကြွဆေးပြား စက်ရုံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလို့ ထိုင်းသတင်းစာက ရေးပါတယ်။

ကပ်ရောဂါကူးစက်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အသုံးချပြီး မြန်မာနိုင်နယ်ခြား ရွှေတြိဂံနယ်ဘက်မှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက မူးယ်ဆေးတွေ ပိုပြီး ထုတ်ဝေဖြန့်ချီနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက် ဖျက်ရေးအဖွဲ့ UNODC ရဲ့ ပြောဆိုချက်ကို သတင်းစာက ကိုးကားပါတယ်။ မူးယစ်ဆေးတွေကို ဝ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာဒေသမှာ ထုတ်လုပ်နေတာလို့လည်း နောက်ထပ် Bangkok Post သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ မြောက်ပိုင်း နေ့ခလေးထိန်းကျောင်းမှာ သေနတ်ကိုင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၂၄ ယောက်အပါအဝင် ၃၈ ယောက်သေဆုံးခဲ့အပြီး ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးပြသနာကို အများက အာရုံစိုက်လာကြပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ထိုင်းရဲအရာရှိဟောင်းဟာ ကျောင်းသားဘဝကတည်းက မူးယစ်ဆေးသုံးစွဲခဲ့တဲ့သမိုင်းကြောင်းရှိပြီး ရဲအရာရှိဘဝမှာလည်း မူးယစ်ဆေး လက်ဝယ်ထားရှိမှုကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

============

[[Unicode]]







XS
SM
MD
LG