သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Matthew မုန်တိုင်းအတွက် အမေရိကန်ပြင်ဆင်


အင်္ဂါနေ့အစောပိုင်းကစလို့ ပြင်းအားအဆင့် ၄ ရှိတဲ့ Matthew ဟာရီကိန်းမုန်တိုင်း Haiti နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပျက်စီး၊ ဆုံးရှုံးမှုတွေရှိနေပြီး အဆိုးဆုံးကတော့ နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပါ တယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်း၊ တယ်လီဖုန်းလိုင်းတွေ ပျက်စီးခဲ့သလို တောင်ပိုင်းကျွန်းဆွယ်ကနေ တခြားနေရာတွေဆီ ဆက်သွယ်ထားတဲ့ တခုတည်းသော တံတားလည်း ပြိုကျပျက်စီးခဲ့ပါတယ်။

မြို့တော် Port-au-Prince နဲ့ ပြည်နယ် ၃ ခုကြား အဆက်အသွယ်တွေ လုံးဝ ပြတ်တောက်နေတဲ့အတွက် အပျက်အစီးအတိုင်းအတာနဲ့ အသေအပျောက်စာရင်းကို အာဏာပိုင်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ သိနိုင်ဖို့ ခက်ခဲနေပါတယ်။ တောင်ပိုင်းက Les Cayes မြို့က အိမ်တော်တော်များများ ခေါင်မိုးတွေ မရှိတော့သလို ရေကြီးတဲ့ဒဏ်ကိုလည်း ခံနေရတယ်လို့ VOA Creole ဌာနသတင်းထောက်က ပြောပါတယ်။

Matthew ဟာရီကိန်းမုန်တိုင်းဟာ သည်းထန်တဲ့မိုးနဲ့အတူ တနာရီလေတိုက်နှုန်း ၂၃၀ ကီလိုမီတာ ပြင်းအားနဲ့ Haiti နိုင်ငံကို ဝင်ရောက်တိုက်ခဲ့တာပါ။ ၂ ယောက်ထက်မနည်းသေဆုံးတယ်လို့ လောလောဆယ် သိထားပါတယ်။ အခု Cuba နိုင်ငံအရှေ့ပိုင်းနားကို ရောက်နေပါတယ်။

Cuba နဲ့ Bahamas ကျွန်းစုတွေပေါ်မှာ ဟာရီကိန်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုတောင်ပိုင်း Florida ပြည်နယ်နေရာတချို့မှာလည်း မုန်းတိုင်းဒဏ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ဒီသီတင်းပတ်အကုန်ပိုင်းမှာ အမေရိကန် အရှေ့ဘက်ခြမ်းကို မုန်တိုင်းဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Florida တပြည်နယ်လုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေကြေညာထားပြီး အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားကြပါလို့ ဒေသခံတွေကို သတိပေးထားပါတယ်။

Georgia ပြည်နယ်မှာလည်း အရှေ့ပိုင်းကမ်းရိုးတမ်းမြို့နယ် ၁၃ ခုမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ တောင် Carolina ပြည်နယ်မှာလည်း ဒေသခံ ၁ သန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။ Atlantic သမုဒ္ဒရာနဲ့ Caribbean ပင်လယ်ထဲမှာ ၂၀၀၇ ခုနှစ်ထဲကဆိုရင် Matthew မုန်တိုင်းဟာ အဆိုးဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်ပါတယ်။

Matthew မုန်တိုင်းအတွက် အမေရိကန်ပြင်ဆင်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG