သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို မူးယစ်ရာဇာ ထောင်ဖောက်ပြေး


မက္ကဆီကိုက ထောင်ဖောက်ပြေးသွားတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် Joaquin El Chapo Guzman ကို ၂၀၁၄၊ ဖေဖော်ဝါရီလ ပထမအကြိမ် ထောင်ဖောက်ပြေးမှုက ဖမ်းမိခဲ့ပုံ။
မက္ကဆီကိုက ထောင်ဖောက်ပြေးသွားတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် Joaquin El Chapo Guzman ကို ၂၀၁၄၊ ဖေဖော်ဝါရီလ ပထမအကြိမ် ထောင်ဖောက်ပြေးမှုက ဖမ်းမိခဲ့ပုံ။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မက္ကဆီကို မူးယစ်ရာဇာတဦးဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အတင်းကျပ်ဆုံး လုံခြုံရေးအဆင့်အတန်းသတ်မှတ်ထားတဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေလုပ်တဲ့ Sinaloa အဖွဲ့ရဲ့ခေါင်းဆောင် Joaquin El Chapo Guzman ကို Altiplano အကျဉ်းထောင်က ရေချိုးခန်းမှာ စနေနေ့က နောက်ဆုံးတွေ့ရတာ ဖြစ်တယ်လို့ လုံခြုံရေး ကော်မရှင်က ပြောပါတယ်။ အခုအခါမှာ လုံခြုံရေးတွေက အဲဒီမူးယစ်ရာဇာကို လိုက်လံ ရှာဖွေနေပြီး မက္ကဆီကိုမြို့အပြင်ဘက်မှာရှိတဲ့ အကျဉ်းထောင်အနီးက Toluca လေဆိပ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဆယ်စုနှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေတဲ့ Guzman ကိုလွန်ခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက ပြန်လည် ဖမ်းဆီး မိခဲ့တာပါ။ ၁၉၉၃ ခုနှစ်တုန်းက ပထမဆုံးအကြိမ်ဖမ်းဆီးခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ မူးယစ်ရာဇာ Guzman ကို အမေရိကန်ပြည်ထောင်စုကလည်း အလိုရှိနေတာပါ။ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ပြီး သယ်ယူပို့ဆောင်တဲ့ မူးယစ်ဆေးဝါး တော်တော် များများကိုSinaloa မူးယစ်ဂိုဏ်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG