သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီကိုနယ်စပ် ကန်စစ်တပ်စေလွှတ်ချထားရေး Trump စီစဉ်


မက်ဆီကိုနယ်စပ်
မက်ဆီကိုနယ်စပ်

အမေရိကန်- မက်ဆီကိုနယ်စပ်မှာ နောက်ထပ်တရားမဝင် ဝင်ရောက်လာသူတွေမရှိအောင် တပ်တွေချထားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတအိမ်ဖြူတော်မှာ Baltic ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ သမ္မတ Trump က - မက်ဆီကိုနဲ့ အမေရိကန်ပြည်ထောင်စု ၂ နိုင်ငံကြားက အမေရိကန်နယ်စပ်ကို လုံခြုံမှုရှိစေဖို့ စစ်တပ်စေလွှတ်ဖို့ ပြင်ဆင်နေကြာင်း ပြောကြားလိုက်တာပါ။

ဒီကိစ္စအတွက် အစီအစဉ်နဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ တခြားအရာရှိတွေနဲ့ မကြာခင်မှာပဲ ဆွေးနွေးပွဲ ခေါ်ယူတော့မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နယ်စပ်ဒေသကင်းလှည့်တာဝန်ကျသူတွေကို ထောက်လှန်းရေး၊ စောင့်ကြည့်ရေးနဲ့ စုံစမ်းစစ်ဆေးရေးတွေမှာ အကူညီပေးဖို့အတွက် အရင်သမ္မတတွေဖြစ်တဲ့ George W. Bush နဲ့ Barack Obama တို့လက်ထက်ကလည်း National Guard ခေါ် အမေရိကန် ကမ်းခြေစောင့်အရံတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တာပါ။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေနဲ့ ပိုင်နက်တွေက တပ်သားတွေ ဒါမှမဟုတ် ရိုးရိုးစစ်တပ်ကတပ်သားတွေ ပါဝင်တဲ့ စစ်တပ်အတွက် အရံအဖြစ်ထားတဲ့ National Guard တွေကို ဘာရည်ရွယ်ချက်နဲ့ သမ္မတ Trump စေလွှတ် မယ်ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG