သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုတံတိုင်းကာရေး Trump စစ်တပ်ကို တာဝန်ပေးနိုင်


မက္ကဆီကိုတံတိုင်းကာနေပုံ
မက္ကဆီကိုတံတိုင်းကာနေပုံ

မက္ကဆီကိုနယ်စပ် တလျှောက် နယ်စပ်တံတိုင်းကာရံဖို့ ကိစ္စဟာ နိုင်ငံတော်အတွက် အရေးပေါ် လုပ်ရမယ့်အလုပ်ကို တုံ့ပြန် လုပ်ဆောင်တာလို့ ကြေညာရင်း၊ လွှတ်တော်အမတ်တွေဘက်က လုံလောက်တဲ့ ရန်ပုံငွေချမပေးရင် အစိုးရ ယန္တရားလည်ပတ်မှု ရပ်တံ့အောင် လုပ်ဆောင်မယ်လို့ သမ္မတ Donald Trump က ခြိမ်းခြောက်မှုနဲ့အတူ အင်္ဂါနေ့မှာ သမ္မတအိမ်ဖြူ Oval ရုံးခန်းထဲမှာ သတင်းထောက်တွေ ရှေ့မှာပဲ သမ္မတ Trump နဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေကြား မပြေမလည်ဖြစ်ခဲ့ကြပါတယ်။

အခုလို နယ်စပ်လုံခြုံရေးအတွက် အစိုးရယန္တရားကို ရပ်တံ့စေတာနဲ့ပတ်သက်ပြီး သူဂုဏ်ယူကြောင်း သမ္မတ Trump က ပြောကြားခဲ့တာပါ။

အထက်လွှတ်တော် အနည်းစု အမတ်မျုားခေါင်းဆောင်ဖြစ်တဲ့ နယူးရောက်ပြည်နယ် အထက်လွှတ်တော်အမတ် Chuck Schumer ကတော့ သမ္မတက အစိုးရယန္တရား ရပ်ပစ်ချင်နေတာဖြစ်ပြီး အခုလို အငြင်းပွားမှုကြောင့် ရပ်တံ့မပစ်သင့်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အောက်လွှတ်တော် ထိပ်တန်း ဒီမိုကရက်တစ်အမတ်တဦးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် Nancy Pelosi က နယ်စပ်တံတိုင်းကိစ္စနဲ့ အစိုးရယန္တရား ရပ်ပစ်ဖို့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပြီးတဲ့နောက် နယ်စပ်လုံခြုံရေးနဲ့ ဘားဂျက်ငွေ ချထားရေးဆိုင်ရာ အတည်ပြုချက်ရဖို့ လိုအပ်တဲ့ မဲနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် Pelosi နဲ့ သမ္မတ Trump တို့ကြား အငြင်းပွါးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump က နယ်စပ်တံတိုင်းဟာ လုံခြုံရေးအစိပ်အပ်ုင်းတခုဖြစ်တဲ့အတွက် လိုအပ်ကြောင်း ပြောတဲ့အခါမှာ Nancy Pelosi က ဒါမမှန်ဘူးလို့ ငြင်းခဲ့သလို သူ့ပြောကြားချက်ကို Chuck Schumer ကထောက်ခံခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG