(Zawgyi / Unicode)
မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador က သူ့ရဲ့ ၆ နှစ်တာ သမ္မတသက်တမ်း ပြီးဆုံးတဲ့အထိ တာဝန်ယူစေချင်သလား၊ ရာထူးက ဆင်းပေးစေချင်သလား ဆိုတဲ့ လူထုသဘောထား ဒီကနေ့ ကောက်ယူပါတယ်။
အခြားနိုင်ငံမှာတော့ နိုင်ငံရေးပြိုင်ဘက်တွေကသာ ဒီလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုလေ့ရှိပေမယ့် မက္ကဆီကိုမှာတော့ လူထုထောက်ခံမှု ၆၀ ရာခိုင်နှုန်းနီးပါး ရထားတဲ့ သမ္မတ Lopez က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ဦးဆောင်စီစဉ်ခဲ့တာပါ။
၂၀၁၈ ခုနှစ်မှာ လူထုက ရွေးကောက်တင်မြှောက်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ်သမ္မတ Lopez က ဒီမိုကရေစီနည်းကျ တာဝန်ယူရတဲ့ကိစ္စမှာ တိုးတက်မှုပိုရလာအောင် ခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အလားတူဖြစ်ရပ်မျိုး မက္ကဆီကိုနိုင်ငံမှာ အရင်က မရှိခဲ့ဖူးပါဘူး။
မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ကုန်ဈေးနှုန်း တက်တာတွေ အပါအဝင် စိန်ခေါ်ချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မက္ကဆီကိုနိုင်ငံမှာ ကြားဖြတ်ရွေေးကောက်ပွဲ ကျင်းပတာက ပြည်သူတွေ အာရုံလွဲသွားအောင် ရည်ရွယ်တဲ့ အကုန်အကျများလှတဲ့ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ရှုမြင်ပါတယ်။
တရားဝင် အတည်ပြုနိုင်ဖို့ မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်း လိုအပ်ပေမယ့် မဲလာပေးသူ အဲဒီလောက်ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
အတိုက်အခံတွေကတော့ ဒါဟာ ပေါ်ပြူလာသမားတွေရဲ့ အပြုအမူတွေ ဆိုပြီး မဲမပေးကြဖို့ မက္ကဆီကို ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်တဲ့ ပြည်သူ ၉၃ သန်းဝန်းကျင် ရှိပါတယ်။
----------------------------
(Unicode)
မက်ကဆီကိုသမ်မတ Andres Manuel Lopez Obrador က သူ့ရဲ့ ၆ နှဈတာ သမ်မတသကျတမျး ပွီးဆုံးတဲ့အထိ တာဝနျယူစခေငြျသလား၊ ရာထူးက ဆငျးပေးစခေငြျသလား ဆိုတဲ့ လူထုသဘောထား ဒီကနေ့ ကောကျယူပါတယျ။