သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနိုင်ငံ အမျိုးသမီး မြို့တော်ဝန်သစ် အသတ်ခံရ


Temixco မြို့တော်ဝန် Gisela Mota ဟာ သူမအိမ်မှာ သေနတ်သမားတွေ လက်ချက်နဲ့ သေဆုံးခဲ့။

မက္ကဆီကိုနိုင်ငံက မြို့တော်ဝန် တဦး သောကြာနေ့မှာ စတင်တာဝန်ယူပြီး စနေနေ့မှာ သတ်ဖြတ်ခံရပါတယ်။Temixco မြို့တော်ဝန် Gisela Mota ဟာ မြို့ပေါ်က သူမအိမ်မှာ သေနတ်သမားတွေ လက်ချက်နဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူ ၂ ဦး သေဆုံးပြီး ၃ ဦးကို ပြည်ထောင်စု အစိုးရရဲနဲ့ စစ်သားတွေက ဖမ်းဆီးရမိခဲ့တယ်လို့ Morelos ပြည်နယ် လုံခြုံရေး ကော်မရှင်နာ မင်းကြီး Jesus Alberto Capella က ပြောပါတယ်။

သတ်ဖြတ်ခံရသူ မြို့တော်ဝန် Gisela Mota ဟာ ရာဇ၀တ်မှုတွေကို ထိပ်တိုက် ရင်ဆိုင် နှိမ်နင်းမယ်လို့ ကြေညာပြီး မြို့တော်ဝန် ရာထူးကို လက်ခံ ရယူခဲ့တဲ့ ရဲရင့်ခိုင်မာတဲ့ အမျိုးသမီးတဦး ဖြစ်တယ်လို့ သူမရဲ့ Democratic Revolution ပါတီက ကြေညာချက်ထုတ် ပြောဆိုပါတယ်။

မြို့တော်ဝန် Gisela Mota ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းက လူတချို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့က ယူဆတဲ့ အကြောင်း မြို့ရဲ့ အတွင်းရေးမှူးချုပ် Carols Caltenco က ပြောဆိုပါတယ်။

Temixco မြို့ကတော့ မက္ကဆီကိုမြို့တော်ရဲ့ တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ ရှိပြီး Cuernavaca (ကွေးနဗားကား) နဲ့ နယ်စပ်က ပြန်ပေးဆွဲ၊ ငွေညှစ်မှုတွေနဲ့ ဆက်နွယ်တဲ့ အုပ်စုဖွဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပွားဖူးတဲ့ အပန်းဖြေ စခန်းမြို့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG