သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိင္တူစုံမက္သူေတြကုိ ေဘာလုံးပရိသတ္ေတြ ေလွာင္ေျပာင္မႈအတြက္ မကၠဆီကုိ အျပစ္ေပးခံရ


၂၀၁၈ ကမၻာ့ဖလားေဘာလုံးၿပိဳင္ပြဲ ေတာင္ကိုရီးယားနဲ႔ပြဲအၿပီး ေအာင္ပြဲခံေနတဲ့ မကၠဆီကိုပရိသတ္မ်ား။ (ဇြန္ ၂၃၊ ၂၀၁၈)

(Zawgyi / Unicode)

အိုလံပစ္ေျခစစ္ပြဲတခုမွာ မကၠဆီကုိ ပြဲၾကည့္ပရိသတ္က လိင္တူစုံမက္သူေတြကုိ ဆန္႔က်င္ ေအာ္ဟစ္ခဲ့ၾကတဲ့အတြက္ ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA) က ေသာၾကာေန႔က အေရးယူလုိက္တာေၾကာင့္ မကၠဆီကို ေဘာလံုးအသင္းအေနနဲ႔ အိမ္ကြင္းမွာ ပြဲၾကည့္ပရိသတ္မပါဘဲ ၂ ပြဲ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒါ႔အျပင္ မကၠဆီကို ေဘာလံုးအဖြဲ႔ခ်ဳပ္ အေနနဲ႔ ဒဏ္ေၾကး ေဒၚလာ ၆၅,၀၀၀ ေပးေဆာင္ရမယ္လို႔လည္း FIFA က ေျပာဆိုထားပါတယ္။

FIFA က ျပစ္ဒဏ္သတ္မွတ္ထားသလို ထိပါး ေစာ္ကားမႈေတြ နည္းသြားေအာင္ ႀကိဳးစားေဆာင္ရြက္ေပမယ့္လည္း မကၠဆီကို ေဘာလံုးပြဲ ပရိသတ္ကေတာ့ ၿပိဳင္ဘက္ အသင္းေတြရဲ႕ ဂိုးသမားေတြကို ရည္ရြယ္ၿပီး ဆက္လက္ ေႂကြးေၾကာ္ ဟစ္ေအာ္ေနၾကတာပါ။

ေနာက္ဆံုးျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ ၂ ခုကေတာ့ တိုက်ိဳအိုလံပစ္ပြဲေတာ္ ေျခစစ္ပြဲေတြကို မကၠဆီကိုႏုိင္ငံ Guadalajara မွာ မတ္လအတြင္း လက္ခံက်င္းပတာမွာ အေမရိကန္အသင္း၊ Dominican Republic အသင္းတို႔နဲ႔ မကၠဆီကိုအသင္းတို႔ ကန္တဲ့ပြဲေတြမွာ ျဖစ္ခဲ့တာပါ။

မကၠဆီကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ပြဲ၂ ပြဲကေတာ့ ကမၻာ့ဖလား ေျခစစ္ပြဲအျဖစ္ လာမယ့္ စက္တင္ဘာလအတြင္း ဂ်ေမကာနဲ႔ပြဲစဥ္၊ ေနာက္ လာမယ့္ ေအာက္တိုဘာမွာ လုပ္မယ့္ ကေနဒါနဲ႔ပြဲစဥ္တို႔ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ Arlington မွာ ၿပီးခဲ့တဲ့လထဲ အိုက္စလန္နဲ႔ကစားတဲ့ ေဘာလံုးပြဲမွာလည္း အလားတူ လိင္တူစုံမက္သူေတြကုိ ဆန္႔က်င္တဲ့ ေအာ္ဟစ္မႈေတြေၾကာင့္ မကၠဆီကိုကို FIFA စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီက စံုစမ္းစစ္ေဆးေနေၾကာင္းလည္း FIFA က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

လိင်တူစုံမက်သူတွေကို ဘောလုံးပရိသတ်တွေ လှောင်ပြောင်မှုအတွက် မက္ကဆီကို အပြစ်ပေးခံရ

အိုလံပစ်ခြေစစ်ပွဲတခုမှာ မက္ကဆီကို ပွဲကြည့်ပရိသတ်က လိင်တူစုံမက်သူတွေကို ဆန့်ကျင် အော်ဟစ်ခဲ့ကြတဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သောကြာနေ့က အရေးယူလိုက်တာကြောင့် မက္ကဆီကို ဘောလုံးအသင်းအနေနဲ့ အိမ်ကွင်းမှာ ပွဲကြည့်ပရိသတ်မပါဘဲ ၂ ပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မက္ကဆီကို ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒဏ်ကြေး ဒေါ်လာ ၆၅,၀၀၀ ပေးဆောင်ရမယ်လို့လည်း FIFA က ပြောဆိုထားပါတယ်။

FIFA က ပြစ်ဒဏ်သတ်မှတ်ထားသလို ထိပါး စော်ကားမှုတွေ နည်းသွားအောင် ကြိုးစားဆောင်ရွက်ပေမယ့်လည်း မက္ကဆီကို ဘောလုံးပွဲ ပရိသတ်ကတော့ ပြိုင်ဘက် အသင်းတွေရဲ့ ဂိုးသမားတွေကို ရည်ရွယ်ပြီး ဆက်လက် ကြွေးကြော် ဟစ်အော်နေကြတာပါ။

နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက် ၂ ခုကတော့ တိုကျိုအိုလံပစ်ပွဲတော် ခြေစစ်ပွဲတွေကို မက္ကဆီကိုနိုင်ငံ Guadalajara မှာ မတ်လအတွင်း လက်ခံကျင်းပတာမှာ အမေရိကန်အသင်း၊ Dominican Republic အသင်းတို့နဲ့ မက္ကဆီကိုအသင်းတို့ ကန်တဲ့ပွဲတွေမှာ ဖြစ်ခဲ့တာပါ။

မက္ကဆီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ပွဲ၂ ပွဲကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် လာမယ့် စက်တင်ဘာလအတွင်း ဂျမေကာနဲ့ပွဲစဉ်၊ နောက် လာမယ့် အောက်တိုဘာမှာ လုပ်မယ့် ကနေဒါနဲ့ပွဲစဉ်တို့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Arlington မှာ ပြီးခဲ့တဲ့လထဲ အိုက်စလန်နဲ့ကစားတဲ့ ဘောလုံးပွဲမှာလည်း အလားတူ လိင်တူစုံမက်သူတွေကို ဆန့်ကျင်တဲ့ အော်ဟစ်မှုတွေကြောင့် မက္ကဆီကိုကို FIFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးနေကြောင်းလည်း FIFA က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG