သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဖလားပွဲ မက္ကစီကိုနိုင်ရေး မှော်ဆရာတွေလုံးပမ်း


နောက်လမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲလိမ့်မယ်လို့ မက္ကဆီကိုနိုင်ငံက မှော်ဝိဇ္ဇာ အကြီးအကဲဆိုသူက ဟောကိန်း ထုတ်လိုက်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မက္ကဆီကိုနိုင်ငံအသင်း အောင်မြင်ဖို့အတွက် မှော်ဆရာကြီး Antonio Vazquez နဲ့ သူ့လက်ထောက်တွေက တနင်္လာနေ့က အစီအရင်တွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီကမ္ဘာ့ဖလားပွဲဟာ ဘောလုံးအသင်းတွေအကြား ယှဉ်ပြိုင်မှုသာမက အနိုင်ရဖို့အတွက် ကြိုးပမ်းနေကြတဲ့ မှော်ဆရာတွေရဲ့ ယှဉ်ပြိုင်မှုလည်းဖြစ်တယ်လို့ Vazquez က ဆိုပါတယ်။ ပွဲတော်ကာလအတွင်း ဘရာဇီးလ်မှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာနိုင် တယ်လို့လည်း သူက သတိပေးထားပါတယ်။

Vazquez က ဖဲချပ်တွေနဲ့ ကြယ်တာရာတွေကို လေ့လာပြီး ဒီလိုဟောကိန်းထုတ်လာခဲ့တာ ၁၉၈၀ ပြည့်နှစ်ကတည်းပါ။ ဒါပေမဲ့ အမြဲတမ်းတော့ မမှန်ခဲ့ပါဘူး။
XS
SM
MD
LG