သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီအနီး Online ငွေလိမ်မှုအဓမ္မအခိုင်းခံ မလေးရှားတွေကိုကယ်ဖို့ တရုတ်သံရုံးကိုတောင်းဆို


မြန်မာနိုင်ငံ၊ မြဝတီခရိုင် ရွှေကုက္ကိုမြို့သစ်အိမ်ယာစီမံကိန်းမှာ ဆိုင်ဘာရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံရသူ မလေးရှားနိုင်ငံသားတွေကို ပြန်လွှတ်ပေးရေး တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေစဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၂၂/ ဓာတ်ပုံ MHO)
မြန်မာနိုင်ငံ၊ မြဝတီခရိုင် ရွှေကုက္ကိုမြို့သစ်အိမ်ယာစီမံကိန်းမှာ ဆိုင်ဘာရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံရသူ မလေးရှားနိုင်ငံသားတွေကို ပြန်လွှတ်ပေးရေး တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေစဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၂၂/ ဓာတ်ပုံ MHO)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံ မြဝတီမြို့အနီးမှာ ပြန်ပေးဆွဲသလို ဖမ်းဆီးခံနေရပြီး ဆိုက်ဘာ ရာဇဝတ်မှုကျုးလွန်တဲ့အလုပ်တွေ အဓမ္မစေခိုင်းခံနေရတယ်ဆိုတဲ့ မလေးရှားနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ ကွာလာလာမ်ပူမှာရှိတဲ့ တရုတ်နိုင်ငံသံရုံးကို မလေးရှားနိုင်ငံသားတွေရဲ့ မိသားစု ဆွေမျိုးတွေ ဒီနေ့ သွားရောက် တောင်းဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံဘက် မြဝတီမြို့အနီး လက်နက်ကိုင်အဖွဲ့အစည်း တခုက ဖမ်းဆီးခေါ်ဆောင်ပြီး အလုပ်ခိုင်းစေခံထားရသူတွေထဲမှာ မလေးရှားနိုင်ငံသား ၅၀ ကျော်ပါတဲ့အကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က VOA ကို ပြောပါတယ်။ သူတို့ကို KK Park ရာဇဝတ်ဂိုဏ်းက ဖမ်းဆီးထားတာပါလို့ မလေးရှား နိုင်ငံ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ MHO အဖွဲ့ အတွင်းရေးမှူးချုပ် Datuk Hishamuddin Hashim က ပြောဆိုပြီး KK Park အဖွဲ့ဘယ်မှာရှိတယ်၊ ဘယ်နေရာမှာ ရှိတယ် လိပ်စာနဲ့ အဆောက်အဦးအတိအကျ ပြောနိုင်ပေမဲ့ ဘယ်အစိုးရက မှ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံသားတွေနဲ့ မလေးရှားနိုင်ငံသားတွေကို လောင်းကစားရုံတွေ ရှိတဲ့ ရွှေကုက္ကို မြို့သစ် အိမ်ယာစီမံကိန်းနေရာမှာ အဖမ်းခံနေရပြီး လက်နက်ကိုင်အဖွဲ့ တခုက အဓမ္မ ခိုင်းစေနေတယ်ဆိုတဲ့သတင်းတွေ မကြာသေးခင် သီတင်းပတ်တွေအတွင်းကလည်း ပေါ်ထွက်ခဲ့ပါတယ်။ IT နည်းပညာနဲ့ ပတ်သက်တဲ့ လခကောင်းတဲ့ အလုပ်တွေရမယ်ဆိုပြီး သူတို့ကို ထိုင်းနိုင်ငံကတဆင့် ခေါ်ယူခဲ့တာပါ။ အိန္ဒိယနိုင်ငံကတော့ ဒါဇင်နဲ့ချီတဲ့ သူနိုင်ငံသားတွေကို လျော်ကြေးပေးပြီး ပြန်ခေါ်ခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

--------------

[[Unicode]]





XS
SM
MD
LG