သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမည်းဆယ်ကျော်သက် Michael Brown ဈာပန လူထောင်ချီ တက်ရောက်


မိုက်ကယ်ဘရောင်းရဲ့ ဈာပနကျင်းပရာ Friendly Temple Missionary ဘုရားကျောင်းရှေ့မှာ ဈာပနအခမ်းအနား တက်ရောက်လာသူများ။
မိုက်ကယ်ဘရောင်းရဲ့ ဈာပနကျင်းပရာ Friendly Temple Missionary ဘုရားကျောင်းရှေ့မှာ ဈာပနအခမ်းအနား တက်ရောက်လာသူများ။

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့နယ်မှာ ရဲက ပစ်သတ်တာခံလိုက်ရတဲ့ လူမည်းဆယ်ကျော်သက်အရွယ် Michael Brown အမှတ်တရ အောက်မေ့ဘွယ်အခမ်းအနားကို စိန့်လူးဝစ္စ်မြို့က ဘုရားကျောင်းမှာ တနင်္လာနေ့က ပြုလုပ်ခဲ့ကြတာမှာ မိသားစုဝင်တွေ၊ ထိပ်တန်းတာဝန်ရှိသူတွေ နဲ့ တခြားဝမ်းနည်းပူဆွေးနေကြတဲ့လူတွေ အပြည့်တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံသားအခွင့်အရေးလှုပ်ရှားတဲ့ခေါင်းဆောင်၊ နိုင်ငံရေးသမားတွေနဲ့ တခြားနာမည်ကျော် ပုဂ္ဂိုလ်တွေ အတော်များများ ဟာ စိန့်လူးဝစ္စ်မြို့က Friendly Temple Missionary နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြတာပါ။

Michael Brown ကို “အဓိကရုဏ်းတွေဖြစ်အောင် လုပ်တဲ့သူအဖြစ်နဲ့မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုမှာ ရဲတွေ ဘယ်လိုလုပ်နေသလဲဆိုတာကို အမေရိကန်တွေ မြင်တွေ့အောင်လုပ်ပေးသူအဖြစ်နဲ့ အမှတ်ရနေစေမှာဖြစ်တယ်လို့” ဘုန်းတော်ကြီး Al Sharpton က ပြောပါတယ်။

ရဲတွေရဲ့ မျှမျှတတ ထိန်းသိမ်းဆောင်ရွက်မှုတွေအတွက် လှုပ်ရှားမှုတွေကို မျက်ကွက်ပြုထားလို့ မရနိုင်ဘူးလို့ ဘုန်းတော်ကြီးက Sharpton က ပြောပါတယ်။

ဝတ်ပြုဆုတောင်းမှုတွေမလုပ်ခင်မှာတော့ မိုက်ကယ်ဘရောင်းရဲ့ဖခင်က လူထုကို အေးဆေးငြိမ်သက်စွာ နေကြဖို့ ပန်ကြားခဲ့ပြီး ဝတ်ပြုဆုတောင်းတုန်း ဆန္ဒပြတာတွေရပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG