သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ရှေ့နေ Michael Cohen ကိုထောင်ဒဏ် ၃နှစ် စီရင်


နယူရောက်တရားရုံးမှ ထွက်လာတဲ့ Michael Cohen
နယူရောက်တရားရုံးမှ ထွက်လာတဲ့ Michael Cohen

အမေရိကန်သမ္မတ Donald Trump ရဲ့ ကာလကြာရှည် ကိုယ်ရေးရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူ Michael Cohen က သူ့ရဲ့ ခေါင်းဆောင်ဖြစ်သူကို မျက်ကန်းသစ္စာရှိခဲ့မှုဟာ နောက်ဆုံးမှာတော့ သူ့ခေါင်းဆောင်ရဲ့ ဆိုးဝါးညစ်ညမ်းတဲ့ လုပ်ရပ်တွေကို လိုက်ဖုံးကွယ်ပေးရဖို့ ဖြစ်လာတယ်လို့ နယူးရောက်တရားသူကြီးကို ပြောကြားခဲ့ပြီးတဲ့ နောက်မှာပဲ ဗုဒ္ဓဟူးနေ့ကတော့ သူဟာ ထောင်ဒဏ် ပြစ်ဒဏ် ၃ နှစ်ချမှတ်တာ ခံခဲ့ရပါတယ်။

နယူးရောက်မြို့ ပြည်ထောင်စုတရားရုံး တရားသူကြီး William Pauley က Cohen ကို ပြစ်မှုအများအပြားအတွကိ ထောင်ဒဏ်အပြစ်ပေးခဲ့တာပါ။ ဒီအထဲမှာ Trump နဲ့ ကျူးလွန်ခဲ့တယ်လို့ အစွပ်စွဲခံရတဲ့ အမျိုးသမီး ၂ ဦးကို နှုတ်ပိတ်ခ ငွေ အမေရိကန်ဒေါ်လာ ၂၈၀ ၀၀၀ ပေးဖို့ စီစဉ်ပေးတာနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မိုးထိမြင့်အဆောက်ဦးဆောက်ဖို့ Trump ရဲ့ ကြိုးစားမှုနဲ့ ပတ်သက်ပြီး လွှတ်တော်ကို လိမ်လည်တာတွေပါ ပါဝင်ပါတယ်။

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ Cohen အတွက် သူ့ရဲ့ ဖြောင့်မတ် တည်ကြည်မှုတွေ ပျောက်ဆုံးတဲ့ အနေထား ဖြစ်နေတယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

Cohen ဟာ Trump အတွက် နှစ်ပေါင်း ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး တချိန်ကတော့ Trump အတွက်ဆို သေနတ်နဲ့ ပစ်လာရင်တောင် ကာကွယ်တဲ့အနေနဲ့ သူဝင်ခံပေးမယ်လို့ ပြောခဲ့သူ ဖြစ်ပေမယ့် မကြာသေးခင်ကမှ Trump ကို ဆန့်ကျင်ပြောကြားလာသူ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG