သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကူးချန်ပီယံ Phelps ဆုတံဆိပ် အရေအတွက် စံချိန်တင်


အိုလံပစ်မှာ ဆုတံဆိပ် ၂၁ ခု ဆွတ်ခူးနိုင်ခဲ့သော အမေရိကန် ရေကူးချန်ပီယံ Michael Phelps (၀၈၊၀၃၊၂၀၁၂။)
အိုလံပစ်မှာ ဆုတံဆိပ် ၂၁ ခု ဆွတ်ခူးနိုင်ခဲ့သော အမေရိကန် ရေကူးချန်ပီယံ Michael Phelps (၀၈၊၀၃၊၂၀၁၂။)
သြဂုတ်လ (၃) ရက်နေ့က အကြိမ် (၃၀) မြောက် ၂၀၁၂ လန်ဒန် နွေရာသီ ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲရဲ့ အမျိုးသားမီတာ (၁၀၀) လိပ်ပြာကူးပြိုင်ပွဲမှာ ကမ္ဘာကျော် အမေရိကန် ရေကူး ချန်ပီယံ မိုက်ကယ်လ် ဖဲ့လ်စ် (Michael Phelps) က ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တာကြောင့် အိုလံပစ်သမိုင်း မှာ တစ်ဦးတည်း ဆုတံဆိပ်ပေါင်း (၂၁) ခု ရရှိထားသူအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

အသက် (၁၇) နှစ်အရွယ် အမေရိကန်အမျိုးသမီး ရေကူးသမား မစ်ဆီဖရန်ကလင် (Missy Franklin) ကလည်း အမျိုးသမီးမီတာ (၂၀၀) နောက်ပြန်ကူး ပြိုင်ပွဲမှာ ပထမရခဲ့တာကြောင့် ဒီ အိုလံပစ်ပြိုင်ပွဲမှာ သူမရဲ့ တတိယမြောက် ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အမေရိကန် ပြေးခုန်ပစ် အားကစားသမားတွေ အခြေမလှ ဖြစ်ခဲ့ရပေမယ့် အမေရိကန် ရေကူး အားကစားသမားတွေက အမေရိကန် အိုလံပစ်အသင်းကို မျက်နှာပန်း လှစေခဲ့ပါတယ်။

အမျိုးသမီး (၇) မျိုးစုံ (Heptathlete) ပြေးခုန်ပစ် ပြိုင်ပွဲထဲက မီတာ (၁၀၀) တန်းကျော် ပြေးပွဲမှာ ဗြိတိန်သူ ဂျက်ဆီကာအဲနစ်(စ်) (Jessica Ennis) က ကမ္ဘာ့အကောင်းဆုံး စံချိန်နဲ့ ပန်းဝင်ခဲ့ တာကြောင့် အိမ်ရှင်ဗြိတိသျှ ပရိသတ်ကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။

အီသီယိုးပီးယားက အမျိုးသမီး မီတာ (၁၀၀၀၀) (၇) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ တီရွန်နက်ရှ် ဒီဘာဘာ (Tirunesh Dibaba) က ကင်ညာနိုင်ငံက ဆယ်လီကစ်ပ်ယေဂို (Sally Kipyego) ထက် (၆) စက္ကန့်အသာ ကင်ညာနိုင်ငံကပဲ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗီဗီယံချဲရီးယွတ် (Vivian Cheruiyot) ထက် (၁၀) စက္ကန့်အသာနဲ့ ပန်းဝင်ခဲ့ပါတယ်။

တောင်ကိုးရီးယားက မြားပစ်သမား အိုဂျင်ဟတ် (Oh Jin-Hyek) က တောင်ကိုးရီးယားအတွက် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ပါတယ်။

ဂျမေကာနိုင်ငံက တာတိုအပြေးသမား ယူဆိန်းဘို့လ်(တ်) (Usain Bolt) က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မီတာ (၁၀၀) ပြိုင်ပွဲနဲ့ ပြီးခဲ့တဲ့ လေးရက်က မီတာ (၂၀၀) ပြိုင်ပွဲတွေမှာ သူ့ရဲ့ လက်ရှိ ချန်ပီယံ အနေအထားကို ထိန်းထားနိုင်ခဲ့ပါတယ်။

အိုလံပစ်အားကစားပွဲတွေမှာ အမျိုးသမီး အားကစား သမားတွေ စေလွှတ်လေ့ မရှိတဲ့ နိုင်ငံတွေက အခု လန်ဒန်အိုလံပစ်ပွဲမှာတော့ အမျိုးသမီး အားကစား သမားတွေ စေလွှတ်ခဲ့တာကြောင့် သြဂုတ်လ (၃) ရက်နေ့က ဆော်ဒီ အာရေးဗီးယား အမျိုးသမီး ဂျူဒို အားကစားသမား၊ ကာတာနိုင်ငံ အာဖဂန် နစ္စတန်နဲ့ အီရတ်နိုင်ငံတွေက အမျိုးသမီး မီတာ (၁၀၀) အပြေးသမားတွေ ဝင်ရောက် ယှဉ်ပြိုင် ကစားကြတာကိုလည်း တွေ့ခဲ့ကြရပါတယ်။
XS
SM
MD
LG