သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရ နဲ့ ဒေါ်စုကို တွေ့


မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
မိုက်ကယ်လ် ပေါ်စနာ (Michael Posner) နဲ့ အဖွဲ့ ဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော်ဆီ
သွားပြီး အစိုးရအဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ရော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို သူ့ရဲ့ လွှတ်တော်ရေးရာ ကိုယ်စားလှယ်ဖြစ် သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဒါပေမဲ့လည်း တွေ့ဆုံ ဆွေးနွေးတဲ့ အသေးစိတ်တွေ ကိုတော့ မသိရသေးပါဘူး။

အာရှငါးနိုင်ငံ ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဘန်းန်စ် (William Burns) ကတော့ ဒီကနေ့ညဘက်မှာ မြန်မာနိုင်ငံဆီ ရောက်လာဖို့ရှိပြီး နှစ်ရက်ကြာခရီးစဉ်အတွင်း မနက်ဖြန်မှာ နေပြည်တော် သွားမယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဗွီအိုအေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG