သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရးဆက္ကူမယ္လို႔ လူ႔အခြင့္အေရးမဟာမင္းႀကီးေျပာ


BANGLADESH-REFUGEE-RIGHTS

[[Zawgyi/Unicode]]

ကုန္ေစ်းႏႈန္းႀကီးျမင့္မႈနဲ႔ စားနပ္ရိကၡာအခက္အခဲေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ကူညီေရးမွာ ႏိုင္ငံတကာအေနနဲ႔ လက္ရွိအေနအထားထက္ ပိုၿပီး ေထာက္ပ့ံဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းကို မေန႔ကသြားေရာက္တဲ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေတာင္းဆိုတိုက္တြန္းသြားပါတယ္။ ျမန္မာႏိုင္ငံဘက္က ႐ိုဟင္ဂ်ာဆိုတဲ့နာမည္ကို အသိအမွတ္မျပဳသလို ဒုကၡသည္ေနရပ္ျပန္ပို႔ေရးအစီအစဥ္ေတြ ရပ္တန္႔ေနပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္ေတြ ေနရပ္ကို ဂုဏ္သိကၡာနဲ႔ အညီ ေဘးကင္းလုံးျခဳံစြာျပန္ႏိုင္ဖို႔ ကုလသမဂၢအေနနဲ႔ ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ မဟာမင္းႀကီး Michelle Bachelet က ေျပာပါတယ္။ ကုလသမဂၢရဲ႕ လူ႔အခြင့္ေရးဆိုင္ရာမဟာမင္းႀကီးတဦးအေနနဲ႔ ပထမဆုံးဘဂၤလားေဒ့ရွ္ႏိုင္ငံ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းကို သြားေရာက္တဲ့ ခရီးစဥ္အတြင္း ေျပာဆိုခ်က္ေတြကို မဆုမြန္က တင္ျပေပးထားပါတယ္။

“အခု က်မတို႔ ေကာ့ဇ္ဘဇားမွာပါ။ ျမန္မာႏိုင္ငံကေရာက္လာတဲ့သူေတြ၊ ႐ိုဟင္ဂ်ာေတြအမ်ားႀကီးရွိတဲ့ေနရာမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ၊ ဆိုးဝါးတဲ့ဖိႏွိပ္မႈေတြကိုရင္ဆိုင္ေနရၿပီး လံုၿခံဳေဘးကင္းတဲ့ေနရာကို ထြက္ေျပးရင္းနဲ႔ေရာက္လာၾကတာပါ။ အခုဆိုရင္ ဘဂၤလားေဒ့ရွ္မွာ ႐ိုဟင္ဂ်ာက တသန္း၊ တသိန္းေလာက္ ရွိပါတယ္။ အဓိက က ေကာ့ဇ္ဘဇားမွာပါ။ တခ်ဳိ႕ကေတာ့ ဘာဆန္ခ်ားကၽြန္းမွာေရာက္ေနၾကပါတယ္။

....ေၾကကြဲမႈေတြအေၾကာင္းကို ေျပာျပၾကပါတယ္။ သူတို႔မွာရွိသမွ် ပိုင္ဆိုင္မႈအားလံုး ထားခဲ့ၿပီးေတာ့ ဘယ္လို ထြက္ေျပးခဲ့ၾကရတယ္၊ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕အသက္ေမြးဝမ္းေက်ာင္း ရပ္တည္ရတဲ့ဘဝနဲ႔ အမ်ားစုက သူတို႔ခ်စ္ခင္တဲ့သူေတြကို ထားခဲ့ၾကရတဲ့အေၾကာင္းေတြ၊ ဒီေကာ့ဇ္ဘဇားမွာ သူတို႔ ဘယ္လို ခိုလံႈေနထုိင္ခြင့္ရခဲ့ၾကသလဲ။ ေနာက္ ကုလသမဂၢနဲ႔ တျခားလက္တြဲဖက္ အစိုးရလက္ေအာက္ခံမဟုတ္တဲ့ NGOs အဖြဲ႔အစည္းေတြ ဘယ္လိုေထာက္ပံ့ေပးသလဲဆိုတာကို ေျပာျပၾကပါတယ္။

.....႐ုိဟင္ဂ်ာေတြအားလံုးလို႔ပဲ ေျပာရပါလိမ့္မယ္။ သူတို႔အားလံုးေနရပ္ျပန္ခ်င္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ကို ျမန္မာႏုိင္ငံသားပါလို႔ ခုိင္မာတဲ့အသိအမွတ္ျပဳမႈ အေထာက္အထားရမွ၊ သူတို႔ရဲ႕အခြင့္အေရးေတြကို ေလးစားသမႈရွိမွ၊ အရင္ကလို ေန႔စဥ္ အသက္ေမြးဝမ္းေက်ာင္းလုပ္ကိုင္ခဲ့တာေတြကို ျပန္လည္ရရွိမွ၊ သူတို႔ပိုင္ဆုိင္ခဲ့တဲ့လယ္ယာေျမေတြကို ျပန္ရမွ သူတို႔ျပန္ၾကမွာပါ။

...ကုလသမဂၢဘက္ကေတာ့ ဘယ္လို အေကာင္းဆံုးေထာက္ပံ့ေပးႏုိင္မလဲဆိုတာကို လုပ္ေဆာင္ေပးေနပါတယ္။ က်မတို႔ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားမွာပါ။ ဒါေပမယ့္ ေၾကကြဲ စိတ္မေကာင္းစရာျပႆနာရဲ႕အရင္းအျမစ္ကို က်မတို႔ ေျဖရွင္းရပါလိမ့္မယ္။ သူတို႔အားလံုး လံုၿခံဳေဘးကင္းၿပီးေတာ့ သူတို႔သေဘာနဲ႔သူတို႔ ျမန္မာႏုိင္ငံကို ျပန္သြားႏုိင္တာေသခ်ာဖို႔ လုပ္ေဆာင္ရပါလိမ့္မယ္။

...ဒီမွာေတြ႔ရတဲ့ျပႆနာတခုက တျခား ကမၻာ့ေနရာေတြမွာ ေတြ႔ေနရတဲ့အတုိင္းပါပဲ။ စားနပ္ရိကၡာေစ်းႏႈန္းေတြတက္သြားပါတယ္။ အရင္တုန္းက သူတို႔မွာရွိတဲ့ေငြပမာဏနဲ႔ဝယ္ယူလို႔ရတဲ့ပမာဏက အခု အရင္လို အစားအစာေတြ ဝယ္မရေတာ့ဘူးလို႔ ဆိုလိုတာပါ။ ဒါက အခု ေကာဇ္ဘဇားမွာရွိေနတဲ့သူေတြအတြက္ ျပႆနာျဖစ္လာပါတယ္။ ဒီေတာ့ ႏုိင္ငံတကာအသိုက္အဝိုင္းကို က်မ ဆက္ၿပီးေတာ့ တုိက္တြန္းခ်င္ပါတယ္။ ႐ိုဟင္ဂ်ာေတြကို ဆက္ၿပီးေတာ့ ေထာက္ပံ့ေပးပါ။ ျဖစ္လာတဲ့အေျခအေန အက်ဳိးဆက္ေတြေၾကာင့္ အရင္ကထက္ေတာင္မွ ပိုၿပီးေတာ့ ပံ့ပိုးကူညီႏုိင္ေအာင္ ႀကိဳးစားေပးၾကပါလို႔ က်မ ေမတၱာရပ္ခံပါတယ္ရွင့္။”

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


ရိုဟင်ဂျာဒုက္ခသည်အရေးဆက်ကူမယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီးပြော

ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားနပ်ရိက္ခာအခက်အခဲကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီရေးမှာ နိုင်ငံတကာအနေနဲ့ လက်ရှိအနေအထားထက် ပိုပြီး ထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို မနေ့ကသွားရောက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုတိုက်တွန်းသွားပါတယ်။ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ်မပြုသလို ဒုက္ခသည်နေရပ်ပြန်ပို့ရေးအစီအစဉ်တွေ ရပ်တန့်နေပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ နေရပ်ကို ဂုဏ်သိက္ခာနဲ့ အညီ ဘေးကင်းလုံးခြုံစွာပြန်နိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်လက်ကြိုးပမ်းနေတယ်လို့ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးတဦးအနေနဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ပြောဆိုချက်တွေကို မဆုမွန်က တင်ပြပေးထားပါတယ်။

“အခု ကျမတို့ ကော့ဇ်ဘဇားမှာပါ။ မြန်မာနိုင်ငံကရောက်လာတဲ့သူတွေ၊ ရိုဟင်ဂျာတွေအများကြီးရှိတဲ့နေရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆိုးဝါးတဲ့ဖိနှိပ်မှုတွေကိုရင်ဆိုင်နေရပြီး လုံခြုံဘေးကင်းတဲ့နေရာကို ထွက်ပြေးရင်းနဲ့ရောက်လာကြတာပါ။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာက တသန်း၊ တသိန်းလောက် ရှိပါတယ်။ အဓိက က ကော့ဇ်ဘဇားမှာပါ။ တချို့ကတော့ ဘာဆန်ချားကျွန်းမှာရောက်နေကြပါတယ်။

....ကြေကွဲမှုတွေအကြောင်းကို ပြောပြကြပါတယ်။ သူတို့မှာရှိသမျှ ပိုင်ဆိုင်မှုအားလုံး ထားခဲ့ပြီးတော့ ဘယ်လို ထွက်ပြေးခဲ့ကြရတယ်၊ နောက်ပြီးတော့ သူတို့ရဲ့အသက်မွေးဝမ်းကျောင်း ရပ်တည်ရတဲ့ဘဝနဲ့ အများစုက သူတို့ချစ်ခင်တဲ့သူတွေကို ထားခဲ့ကြရတဲ့အကြောင်းတွေ၊ ဒီကော့ဇ်ဘဇားမှာ သူတို့ ဘယ်လို ခိုလှုံနေထိုင်ခွင့်ရခဲ့ကြသလဲ။ နောက် ကုလသမဂ္ဂနဲ့ တခြားလက်တွဲဖက် အစိုးရလက်အောက်ခံမဟုတ်တဲ့ NGOs အဖွဲ့အစည်းတွေ ဘယ်လိုထောက်ပံ့ပေးသလဲဆိုတာကို ပြောပြကြပါတယ်။

.....ရိုဟင်ဂျာတွေအားလုံးလို့ပဲ ပြောရပါလိမ့်မယ်။ သူတို့အားလုံးနေရပ်ပြန်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ကို မြန်မာနိုင်ငံသားပါလို့ ခိုင်မာတဲ့အသိအမှတ်ပြုမှု အထောက်အထားရမှ၊ သူတို့ရဲ့အခွင့်အရေးတွေကို လေးစားသမှုရှိမှ၊ အရင်ကလို နေ့စဉ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခဲ့တာတွေကို ပြန်လည်ရရှိမှ၊ သူတို့ပိုင်ဆိုင်ခဲ့တဲ့လယ်ယာမြေတွေကို ပြန်ရမှ သူတို့ပြန်ကြမှာပါ။

...ကုလသမဂ္ဂဘက်ကတော့ ဘယ်လို အကောင်းဆုံးထောက်ပံ့ပေးနိုင်မလဲဆိုတာကို လုပ်ဆောင်ပေးနေပါတယ်။ ကျမတို့ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ကြေကွဲ စိတ်မကောင်းစရာပြဿနာရဲ့အရင်းအမြစ်ကို ကျမတို့ ဖြေရှင်းရပါလိမ့်မယ်။ သူတို့အားလုံး လုံခြုံဘေးကင်းပြီးတော့ သူတို့သဘောနဲ့သူတို့ မြန်မာနိုင်ငံကို ပြန်သွားနိုင်တာသေချာဖို့ လုပ်ဆောင်ရပါလိမ့်မယ်။

...ဒီမှာတွေ့ရတဲ့ပြဿနာတခုက တခြား ကမ္ဘာ့နေရာတွေမှာ တွေ့နေရတဲ့အတိုင်းပါပဲ။ စားနပ်ရိက္ခာဈေးနှုန်းတွေတက်သွားပါတယ်။ အရင်တုန်းက သူတို့မှာရှိတဲ့ငွေပမာဏနဲ့ဝယ်ယူလို့ရတဲ့ပမာဏက အခု အရင်လို အစားအစာတွေ ဝယ်မရတော့ဘူးလို့ ဆိုလိုတာပါ။ ဒါက အခု ကောဇ်ဘဇားမှာရှိနေတဲ့သူတွေအတွက် ပြဿနာဖြစ်လာပါတယ်။ ဒီတော့ နိုင်ငံတကာအသိုက်အဝိုင်းကို ကျမ ဆက်ပြီးတော့ တိုက်တွန်းချင်ပါတယ်။ ရိုဟင်ဂျာတွေကို ဆက်ပြီးတော့ ထောက်ပံ့ပေးပါ။ ဖြစ်လာတဲ့အခြေအနေ အကျိုးဆက်တွေကြောင့် အရင်ကထက်တောင်မှ ပိုပြီးတော့ ပံ့ပိုးကူညီနိုင်အောင် ကြိုးစားပေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်ရှင့်။”

XS
SM
MD
LG