သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michelle Obama ကမ္ဘောဒီးယား ရောက်


Michelle Obama ကမ္ဘောဒီးယားနိုင်ငံကို ဆိုက်ရောက်။
Michelle Obama ကမ္ဘောဒီးယားနိုင်ငံကို ဆိုက်ရောက်။

အမေရိကန်သမ္မတ ကတော် မီရှဲလ် အိုဘားမားဟာ မိန်းကလေးငယ်တွေ ပညာသင်ယူနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တရပ် အတွက်ရည်ရွယ်တဲ့ အာရှ နှစ်နိုင်ငံခရီးစဉ်ရဲ့ နောက်ခရီးတယောက် ကမ္ဘောဒီးယားနိုင်ငံ မှာ ရောက်သွားပါပြီ။

ကမ္ဘောဒီးယားရဲ့ နာမည်ကျော် Angkor Wat ရှေးဟောင်းဘုရားကျောင်းတည်ရှိရာ Siem Reap မြို့ဆီ သောကြာနေ့နှောင်းပိုင်း က မစ္စစ်အိုဘားမားရောက်သွားချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ရဲ့ဇနီးဖြစ်သူ Bun Rany က ခရီးဦးကြိုဆိုပါတယ်။

အခုခရီးစဉ်ဟာ လက်ရှိတာဝန်ယူထားဆဲ အမေရိကန်သမ္မတရဲ့ဇနီးဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံကိုသွားတာ ပထမဆုံးပါပဲ။ နှစ်ရက်ကြာခရီးစဉ်အတွင်း ကမ္ဘောဒီးယား အထက်တန်း ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဖို့၊ အမေရိကန် Peace Corps အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောဖို့နဲ့ Angkor Wat ဘုရားကျောင်းကို လှည့်လည်ကြည့်ရှုဖို့အစီအစဉ်တွေ ပါဝင်ပါတယ်။

အိုဘားမားအစိုးရရဲ့ Let Girls Learn ဆိုတဲ့ အစီအစဉ်သစ်မှာပါတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံထဲ ကမ္ဘောဒီးယားလည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်ကနေ ကမ္ဘာတဝန်းက ပညာသင်ယူခွင့်မရတဲ့ မိန်းကလေး ၆၂ သန်းကို ပညာသင်ယူနိုင်အောင် အကူအညီပေးမှာ ဖြစ် ပါတယ်။

မစ္စစ်အိုဘားမားဟာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးမဆက်ခင်မှာ ဂျပန်နိုင်ငံဆီ အရင်သွားတာပါ။ ဂျပန်နိုင်ငံဟာ အခုအစီအစဉ်မှာ အဓိက အလှူရှင်နိုင်ငံတခုဖြစ်ပါတယ်။

XS
SM
MD
LG