သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကတော် Michelle Obama ပီကင်းတက္ကသိုလ် ကျောင်းသားတွေနဲ့တွေ့ဆုံ


တရုတ်ပြည်သို့ ၅ ရက်ကြာ ခရီးရောက်နေတဲ့ အမေရိကန်သမ္မတကတော် မီရှဲလ် အိုဘားမား၊ ပီကင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ်။
တရုတ်ပြည်သို့ ၅ ရက်ကြာ ခရီးရောက်နေတဲ့ အမေရိကန်သမ္မတကတော် မီရှဲလ် အိုဘားမား၊ ပီကင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ်။
တရုတ်နိုင်ငံက အထင်ကရ Peking တက္ကသိုလ်ရဲ့ Stanford Center မှာ တက္ကသိုလ်ကျောင်းသားတွေကို အမေရိကန်သမ္မတကတော် Michelle Obama က ဒီကနေ့မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ ကိုးကွယ်နိုင်ခွင့်နဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ်သိရှိနိုင်ငံရေးဟာ ဒီကမ္ဘာကြီးပေါ်မှာ ရှိသမျှလူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ မိန့်ခွန်းထဲမှာ သမ္မတကတော် Michelle Obama ကပြောသွားပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးတွေ ပိုပေးဖို့ တရုတ်အာဏာရ ကွန်မြူနစ်ပါတီကို တိုက်တွန်းပြောဆိုမှုမျိုးတော့ မိန့်ခွန်းထဲမှာ မပါ ပါဘူး။

သမီး ၂ ယောက်နဲ့အတူ တရုတ်နိုင်ငံကို ၅ ရက်ကြာခရီးနဲ့ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတကတော်က ခရီးစဉ် ဒုတိယနေ့မှာ ပီကင်းတက္ကသိုလ်မှာ
မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့တုန်းကတော့ ဘေဂျင်းမြို့တော်က အထင်ကရနေရာတွေကို တရုတ်သမ္မတကတော်က အမေရိကန် သမ္မတကတော်နဲ့မိသားစုကို လိုက်လံပြသခဲ့ပါတယ်။

သမ္မတ ရှီဂျင်းကလည်း သမ္မတကတော် Michelle Obama ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ Mrs. Obama ရဲ့ခရီးစဉ်ဟာ ပညာရေးကိစ္စ အဓိကပြောဖို့ ဖြစ်ပြီး တရုတ်နဲ့ အမေရိကန်ကြား အငြင်းပွားစရာဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ရှောင်ရှားမှာဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်တာ၊ အတိုက်အခံတွေအပေါ် ဖိနှိပ်တာ၊ အစိုးရကို ထိခိုင်နိုင်တဲ့ သတင်းတွေ website တွေကို
ပိတ်ပင်တာနဲ့ အင်တာနက်ကို ဆင်ဆာဖြတ်တာတွေလုပ်တဲ့အတွက် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး စာရင်းဝင်
နိုင်ငံတခုဖြစ်ပါတယ်။
XS
SM
MD
LG