သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ
မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာပြည်ကိုအလာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ဝင်ရောက်ခွင့် မပြုဘဲ ပြန်ခိုင်းလိုက်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် မလေးရှားနိုင်ငံသူ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးဟာ The Lady လို့ နာမည်ပေးထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝသရုပ်ဖော် ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။

သူ့ကို မြန်မာအစိုးရက မြန်မာပြည်ဝင်ခွင့် မပေးရမယ့် သူများစာရင်း Black List မှာ ထည့်သွင်းထားတာကြောင့် ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

မစ်ရှဲလ်ယိုးဟာ ဇွန်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်ယိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ်ရှဲလ်ယိုးဟာ မလေးရှားနိုင်ငံရဲ့ စံပြ အလှမယ်တဦးဖြစ်ပြီး Crouching Tiger, Hidden Dragon၊ Memoirs of Geisha နဲ့ ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်လမ်း Tomorrow Never Dies ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG